Friday, November 28, 2014

ဖုန်းရွှေကို အသုံးပြုပုံ(၄)

၆။ မိမိအိမ်တံခါးမ၊အိပ်ခန်းတံခါးမသည်မျက်နှာချင်းဆိုင်တံခါးတိုက်နေပါက စကားများကိန်းရှိသည် (အခန်းတံခါးကို လိုက်ကာတပ်ဆင်ပါ၊)တဖက်တိုက်ခန်း၊(သို့)တဖက်အခန်းက တခြားအင်းကွက်၊ အတိုက်အခိုက်များချိတ်ဆွဲပါကို မိမိကိုယ်လာရောက်ထိခိုက်နိုင်သည်၊(လိုက်ကာတပ်ခြင်းသည် တဖက်လူကိုမထိခိုက်နိုင်ပါ၊မိမိကိုယ်လဲကာကွယ်ခြင်းဖြစ်သည်။)
(JianJunOo)

Wednesday, November 26, 2014

ဖုန်းရွှေကို အသုံးပြုပုံ(၃)

ဖုန်းရွှေကို အသုံးပြုပုံ(၃)

အလုပ်အဆင်ပြေခြင်း၊ဈေးရောင်းကောင်းခြင်း၊စာဖတ်အားကောင်းခြင်း၊

၁။ မိမိအလုပ်စာပွဲ(သို့)စာရေးစာပွဲ ၊အရောင်းစာပွဲပေါ်တွင်မလိုအပ်သော ပစ္စည်းတွေမထားပါနဲ့။

၂။ညာဖက်အံဆွဲပထမအဆင့်တွင် ၁ိစေ့ ဆားရည်ဖြင့်ဆေးပြီ ညာဖက်ဒေါင့်တွင်ထဲ့ထားပါ။

၃။ညာဖက်ရှေ့စာပွဲဒေါင့်တွင်စာကြည့်မီးအိမ်ထားပါ၊သွားနေသော စာပွဲတင်နာရီတလုံးတင်ပါ၊

၎။ကျောင်းသူ၊ကျောင်းသားများအတွက်(ညာဖက်ရှေ့နံရံရှေ့ပါက ဘောင်ပါသော ကမ္ဘာမြေပုံတခုချိတ်ထားပါ။)

၅။ ဘယ်ဖက်စာပွဲပေါ်တွင်ဖုန်း၊ဂဏန်းတွက်စက်၊အလုပ်စာရင်းစာအုပ်၊(သို့)ကျောင်းစာအုပ်များထားပါ၊
(စာပွဲတင်နာရီကိုမိမိဖက်လည့်ထားပါ၊ဓါတ်ခဲကုန်လျှင်ချက်ခြင်းလဲပါ၊မရပ်ပါစေနဲ့)

(JianJunOo)

Tuesday, November 25, 2014

ဖုန်းရွှေကို အသုံးပြုပုံ(၂)

ဖုန်းရွှေကို အသုံးပြုပုံ(၂)

မိမိကိုယ်ကို ယင်းရန်陰陽= ဖိုမဓါတ် ကို မျှတအောင်ပြုနည်း

ပထမဦးစွာ
၁။ မိမိအိမ်အတွင်းနေထိုင်မှုကို သတိထားပါ၊

၂။မိမိအမြဲထိုင်နေသောနေရာ(သို့)ထိုင်နေသောနေရာသည် ပြူတင်းပေါက်ကျော်ပေးထိုင်ခြင်း တံခါးပေါက်ကိုကျော်ပေးထိုင်ခြင်း ကိုရှောင်ရှားပါ၊

၃။ဆိုဖာပေါ်ဖြစ်စေ၊ကုလားထိုင်ပေါ်ဖြစ်စေ၊နောက်ကျော်ဖက်တွင်နံရံဖြစ်ရမည်။

၎။ရုံးအမှု့ထမ်း၊ကျောင်းသား၊ကျောင်းသူများလဲမိမိစာရေး၊စာဖတ်နေသောထိုင်ခုံလဲကျော်မှီရှိရမည်။

၅။ထိုင်နေသောနောက်ကျော်တွင် ကြည့်မှန်(သို့)မှန်မရှိရ၊ ရှိပါက ထိုင်ခုံကျော်မှီပေါ်တွင် အင်္ကျီချိတ် ထားပါ။

 (JianJunOo)

Monday, November 24, 2014

ဖုန်းရွှေကို အသုံးပြုပုံ(၁)


လူနှင့် ဓါတ်ကြီးငါးပါး လည်ပတ်ပုံ (သို့) ဝူရှင်း   လည်ပတ်ပုံ

ဓါတ်ကြီးငါးပါးကို နားလည်အောင်လေ့လာပါက ဖုန်းရွှေတွင်လိုအပ်သောနေရာ

တွင်အသုံးပြုနိုင်သည်။

五行相生、相克   

  水生木,木生火,火生土,土生金,金生水。

水克火,火克金,金克木,木克土,土克水。

သစ်သား၊မီး၊မြေ၊သတ္တု၊ရေ ။   

ရေခမ်းခြောက်လျှင် အပူဓါတ်များ၊

မီးများနေလျှင် အင်အားခမ်းခြောက်၊(အဟာရခမ်းခြောက်)

အဟာရနည်းလျှင် ရုပ်ခန္ဓာခမ်းခြောက်၊

ရုပ်ခန္ဓာခမ်းခြောက်လျှင် သွေးသားခမ်းခြောက်၊

သွေးသားခမ်းခြောက်လျှင် ရေခမ်းခြောက်မည်။

(နားလည်နိုင်အောင် အနီးစပ်ဆုံးဘာသာပြန်ထားခြင်းဖြစ်ပါသည်၊

အမျိုးမျိုးယူဆပြန်ဆိုနိုင်ပါသေသည်)

မှတ်ချက်၊ ဓါတ်ကြီးငါးပါးကိုကောင်းစွာနားလည်ပါက  ဖုန်းရွှေတွင်ကောင်းစွာအသုံးချနိုင်သည်။

JianJunOo

Sunday, November 23, 2014

အိမ်ခန်းငှါးရမ်းနေထိုင်သူများအတွက် အလုပ်အကိုင်ခက်ခဲခြင်း ၁

အိမ်ခန်းငှါးရမ်းနေထိုင်သူများအတွက် အလုပ်အကိုင်၊ကိစ္စ၊အကြောင်းအရာများအဆင်မပြေခြင်းအကြောင်းများ (၁)
၁။ မိမိအိမ်ခန်းအတွင်းအမြဲသန့်ရှင်းတနေ့တခါ တံမျက်စီးလှဲပေးပါ၊
၂။ကုတင်အောက်တွင်မည်သည်ပစ္စည်းမှ မထားပါနဲ့၊
၃။ကုတင်ခေါင်းရင်းကို ပြူတင်းပေါက်တည့်တည့်ထားမအိမ်ပါနဲ့၊
၎။ဘီဒိုမှန်၊ကိုယ်လုံးပေါ်ကြည့်မှန်များကို ကုတင်ခြေရင်းတည့်တည့်၊ကုတင်ဘေးတည့်တည့်မထားပါနဲ့(ခေါင်းရင်ဘေးထားနိုင်သည်)
၅။ကုတင်ခေါင်းရင်းပေါ်(သို့)ကုတင်အပေါ်တည့်တည့် ထုပ်တန်း၊ကွန်ကရစ်ထုပ်တန်းမရှိပါစေနဲ့(ကုတင်ရွေ့အိပ်ပါ)
၆။ကုတင်ခေါင်းရင်ဘေးတွင် စာကြည့်မီးအိမ်၊တခုထားပါ၊့မြင်းရုပ်တကောင်ထားပါ၊ (မြင်းရုပ်ခြေလှမ်းနေသောပုံစံဖြစ်ရမည်)

Monday, March 10, 2014

Sunday, March 9, 2014

ငါးကန် ။ရေကန်။ရေနှင့်ပတ်သက်သောအိုးများးမထားသင့်သောအရပ်

ငါးကန် ။ရေကန်။ရေနှင့်ပတ်သက်သောအိုးများးမထားသင့်သောအရပ် နေအိမ်အတွင်း တောင်ဖက် (ရေ၊မီးအတိုက်ရှိ)မထားသင့်၊ အရှေ့မြောက်၊အနောက်တောင်နှင့် နေအိမ်အလယ်တည့်တည့် မထားသင့်ပေ။ တံခါးပေါက်သည် မြောက်ဖက်ဖြစ်ပါက အရှေ့ဖက်တွင်ထားပါ။ ရွှေငါးအနည်းဆုံး ၈ကောင် ဖြစ်ရမည်။

Wednesday, March 5, 2014

Saturday, March 1, 2014

စီးပွားရေး၊လဒ်၊ငွေရွှင်စေသောနေရာကို ထားရမည့်ပစ္စည်းများမှာ

စီးပွားရေး၊လဒ်၊ငွေရွှင်စေသောနေရာကို ထားရမည့်ပစ္စည်းများမှာ
၁။ကြွေအိုးတလုံးအဖုံးပါ၊  အဖုံးမရှိပါကအဝတ်အနီရောင်အိုးအဝကိုစည်းပိတ်ရန်။
၂။ဆားကျောက်တုံး(မီးအိမ်)
ပထမပြုလုပ်ရန် ကြွေအိုးကိုဆားရည်ဖြင့်သန့်ရှင်းအောင်ဆေးပါ၊
ထိုနောက်စက္ကူအိပ်အနီရောင်တလုံးရှာပြီး၊အိပ်ထဲသို့မိမိရောက်ရှိနေသော
နိုင်ငံငွေစက္ကူ ၁၆၈ ကျပ်ထဲ့ပါ၊(သို့)၁၆၈၀ထဲ့နိုင်သည်၊စာအိပ်ပေါ်တွင်
မိမိနံမည်၊မွေးနေ့(ရက်၊လ၊နှစ်)၊နေရပ်လိပ်စာ၊ဖုန်းနံပါတ်ပါရေးထဲ့ပြီးစာအိပ်
ကိုပိတ်ပြီး၊ကြွေအိုးထဲ့ထည့်လိုက်ပါ၊မိမိလိုအပ်သောဆုတောင်းပါ၊
(မနက်ပိုင်း၈နာရီမိမိမွေးနံနေ့တွင်ပြုလုပ်ပါ)

Sunday, January 26, 2014

Saturday, January 25, 2014

Friday, January 24, 2014

Tuesday, January 21, 2014

Monday, January 20, 2014

Sunday, January 19, 2014