Sunday, November 23, 2014

အိမ်ခန်းငှါးရမ်းနေထိုင်သူများအတွက် အလုပ်အကိုင်ခက်ခဲခြင်း ၁

အိမ်ခန်းငှါးရမ်းနေထိုင်သူများအတွက် အလုပ်အကိုင်၊ကိစ္စ၊အကြောင်းအရာများအဆင်မပြေခြင်းအကြောင်းများ (၁)
၁။ မိမိအိမ်ခန်းအတွင်းအမြဲသန့်ရှင်းတနေ့တခါ တံမျက်စီးလှဲပေးပါ၊
၂။ကုတင်အောက်တွင်မည်သည်ပစ္စည်းမှ မထားပါနဲ့၊
၃။ကုတင်ခေါင်းရင်းကို ပြူတင်းပေါက်တည့်တည့်ထားမအိမ်ပါနဲ့၊
၎။ဘီဒိုမှန်၊ကိုယ်လုံးပေါ်ကြည့်မှန်များကို ကုတင်ခြေရင်းတည့်တည့်၊ကုတင်ဘေးတည့်တည့်မထားပါနဲ့(ခေါင်းရင်ဘေးထားနိုင်သည်)
၅။ကုတင်ခေါင်းရင်းပေါ်(သို့)ကုတင်အပေါ်တည့်တည့် ထုပ်တန်း၊ကွန်ကရစ်ထုပ်တန်းမရှိပါစေနဲ့(ကုတင်ရွေ့အိပ်ပါ)
၆။ကုတင်ခေါင်းရင်ဘေးတွင် စာကြည့်မီးအိမ်၊တခုထားပါ၊့မြင်းရုပ်တကောင်ထားပါ၊ (မြင်းရုပ်ခြေလှမ်းနေသောပုံစံဖြစ်ရမည်)

Sunday, March 9, 2014

ငါးကန် ။ရေကန်။ရေနှင့်ပတ်သက်သောအိုးများးမထားသင့်သောအရပ်

ငါးကန် ။ရေကန်။ရေနှင့်ပတ်သက်သောအိုးများးမထားသင့်သောအရပ် နေအိမ်အတွင်း တောင်ဖက် (ရေ၊မီးအတိုက်ရှိ)မထားသင့်၊ အရှေ့မြောက်၊အနောက်တောင်နှင့် နေအိမ်အလယ်တည့်တည့် မထားသင့်ပေ။ တံခါးပေါက်သည် မြောက်ဖက်ဖြစ်ပါက အရှေ့ဖက်တွင်ထားပါ။ ရွှေငါးအနည်းဆုံး ၈ကောင် ဖြစ်ရမည်။

Saturday, March 1, 2014

စီးပွားရေး၊လဒ်၊ငွေရွှင်စေသောနေရာကို ထားရမည့်ပစ္စည်းများမှာ

စီးပွားရေး၊လဒ်၊ငွေရွှင်စေသောနေရာကို ထားရမည့်ပစ္စည်းများမှာ
၁။ကြွေအိုးတလုံးအဖုံးပါ၊  အဖုံးမရှိပါကအဝတ်အနီရောင်အိုးအဝကိုစည်းပိတ်ရန်။
၂။ဆားကျောက်တုံး(မီးအိမ်)
ပထမပြုလုပ်ရန် ကြွေအိုးကိုဆားရည်ဖြင့်သန့်ရှင်းအောင်ဆေးပါ၊
ထိုနောက်စက္ကူအိပ်အနီရောင်တလုံးရှာပြီး၊အိပ်ထဲသို့မိမိရောက်ရှိနေသော
နိုင်ငံငွေစက္ကူ ၁၆၈ ကျပ်ထဲ့ပါ၊(သို့)၁၆၈၀ထဲ့နိုင်သည်၊စာအိပ်ပေါ်တွင်
မိမိနံမည်၊မွေးနေ့(ရက်၊လ၊နှစ်)၊နေရပ်လိပ်စာ၊ဖုန်းနံပါတ်ပါရေးထဲ့ပြီးစာအိပ်
ကိုပိတ်ပြီး၊ကြွေအိုးထဲ့ထည့်လိုက်ပါ၊မိမိလိုအပ်သောဆုတောင်းပါ၊
(မနက်ပိုင်း၈နာရီမိမိမွေးနံနေ့တွင်ပြုလုပ်ပါ)