Showing posts with label Ox နွားနှစ်မွေးဖွားသူများ. Show all posts
Showing posts with label Ox နွားနှစ်မွေးဖွားသူများ. Show all posts

Tuesday, February 23, 2016

Ox နွားနှစ်မွေးဖွားသူများ 1913-1925-1937-1949-1-61-1973-1961-1973-1985-1997-2009

Ox နွားနှစ်မွေးဖွားသူများ 1913-1925-1937-1949-1-61-1973-1961-1973-1985-1997-2009
(ကံကြမ္မာ)
၂၀၁၆ခုနှစ် နွားနှစ်မွေးဖွားသူများယခုနှစ်အတွင်းသင့်ရဲ့ကံဇာတာသည်
(Zi Wei) and (Long De) Lucky stars ကံကောင်းသောကြယ်များကျရောက်သောကြောင့်
သင်သည်ကောင်းသောကံများရှေ့သို့ဆက်လက်တိုးတက်ပြီးသွားနေလိမ့်မည်
ကောင်းသောကြယ်တာရာကျရောက်နေသောကြောင့်အခွင့်အလမ်းများသည်
လုပ်ငန်း၊စီပွားရေးများတွင် မမျှော်လင့်ဘဲ၂၀၁၆တွင် တိုးတက်အောင်မြင်မှုရှိမည်
လုပ်ငန်းအလုပ်အကိုင်များတွင်လဲ ကျေးဇူးရှိသော သူတစ်ဦးတစ်ယောက်က ပံ့ပိုးမှုများ
သင်သည်ရရှိနေလိမ့်မည်။လုပ်ငန်းအောင်မြင်မှုများမြင့်တက်နေမည်။
များသောအားဖြင့် ၂၀၁၆နှစ်တွင် သီးနှံများ ရိတ်သိမ်းသောနှစ်တစ်နှစ်ဖြစ်နေသည်။
၃လပိုင်း၎လပိုင်း၊၇လပိုင်းများတွင်ကံမကောင်းသောလများဖြစ်၍အထူးသတိထားသင့်သည်။
သင့်ရဲ့ကံများပြန်လည်တောက်ပစေဖို့ကြာပန်းမီးအိမ်၊ထွန်းပေးခြင်းဖြင့် အညှံများဖယ်ရှားပေးပါ။

(လုပ်ငန်း၊အလုပ်အကိုင်)
၂၀၁၆ခုနှစ်တွင် သင်၏လုပ်ဖော်ကိုင်ဖက်များနှင့်လူကြီးများလဲ သင့်လုပ်ငန်းအတွက်ကူညီမှု
များပြုလုပ်ပေးလိမ့်မည်ဖြစ်သည်။
သင်၏အကြံအစည်များ ပုဂ္ဂိုလ်ရေးလှုံ့ဆောရှင်းလင်းမှုများကြောင့် သင့်ရဲ့လုပ်ငန်းအတွက်
အလွယ်တကူတိုးတက်မှုများရရှိလိမ့်မည်။
သင့်ရဲ့ကံကောင်းသောကြယ်များကျရောက်နေသဖြင့် စီးပွားရေးနှင့်အလုပ်ကံများအမြဲမပြတ်
ကောင်းမွန်နေလိမ့်မည်။
သို့သော်အပျက်သဘောဆောင်သောဓါတ်ကျရောက်နိုင်သဖြင့် ချက်ခြင်းအဖျက်ကျနိုင်သည်
သို့ဖြစ်၍ သင်၏ အလုပ်စားပွဲ၊(သို့)စာကြည့်စားပွဲတွင် ကျမ်းစာပါသောPyramid ပစ်ရစ်မစ်
နှင့် ကြာပန်းထားခြင်းဖြင့် သင့်ရဲ့ မကောင်းသောအညှံနှင့်အတိုက်အခိုက်များပပျောက်စေသည်။

(စီးပွားဥစ္စာ)
နွားနှစ်မွေးဖွားသူများ မျောက်နှစ်အတွင်းမှာ မင်္ဂလာကြယ်ပွင့်များနှင့်အတူ မိတ်ဆွေကောင်း
များ၊အကူအညီးများခံစားရလိမ့်မည်။မိမိစီးပွားနှင့် အခြားစီးပွားပါ ဝင်ငွေကောင်းလိမ့်မည်။
မာနကြွားဝါသောဟန်ပံများဖြင့်မပြုလုပ်ပါနဲ့နိမ့်ချပြောဆိုခြင်းဖြင့်အောင်မြင်မှုကိုရယူပါ။
၂၀၁၆ခုနှစ် ပြင်ပအခြားဝင်ငွေ ကောင်းသောနှစ်တစ်နှစ်ဖြစ်မည်။
သင့်ရဲ့စီးပွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် သတင်းအချက်အလက်များကို ကျေးဇူးရှင်ကူညီသူ
ထံမှ ဦးဆောင်လမ်းပြပေးပါလိမ့်မည်ဖြစ်သည်။

(ကျန်းမာရေး)
နွားနှစ်မွေးဖွားသူများ ၂၀၁၆ခုနှစ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနများကြုံတွေ့
ရလိမ်မည်ဖြစ်သည်။
သင်၏ပန်းနာရောဂါနှင့်အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာကိစ္စများ အထိခိုက်မခံစားနိုင်မှု
များရှိလိမ့်မည်။
မျောက်နှစ်တစ်နှစ်အတွင်း ပြဿနများစွာတို့ကို ကာကွယ်တားဆီးရန် သင်နေအိမ်၏သန့်ရှင်း
မှုနှင့်လေကောင်းလေသန့်ရရှိဖို့ပိုမိုအထူးပြုလုပ်ဆောက်ရွက်သင့်သည်။
(Jian Feng)star ကျရောက်သောကြောင့် မြေတူးခြင်း၊အုတ်မြစ်ချခြင်းများမပြုလုပ်ပါနဲ့
ရှောင်ရှားခြင်းဖြင့် သင်၏အိမ်သူအိမ်သားများရဲ့ကံများဖယ်ရှားခြင်းဖြစ်သည်၊
အတိုက်အခိုက်များလည်းပပျောက်ခြင်းများဖြစ်သည်။
 ဖခင်နှင့်အတူနေသောသူများသတိထားသင့်ပေသည်။
နွားနှစ်မွေးဖွားသူများ မိဘများအတွက် မိမိဘာသာတရားကျမ်းစာများနှင့်ပူဆော်ခြင်း၊
ဆီမီးထွန်းခြင်းများနေစဉ်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာအသက်ရှည်စေပါသည်။

(အိမ်ထောင်ရေး၊အချစ်ရေး)
နွားနှစ်မွေးဖွားသူများ သင်၏မေတ္တာကံ၂၀၁၆ခုနှစ်တွင် မတည်မငြိမ်ဖြစ်နေလိမ့်မည်။
အိမ်ထောင်မပြုရသေးသူများအနေနဲ့ ယခုနှစ်တွင်စိတ်ပျက်လက်ပျက်ဖြစ်နေ၍
စိတ်ရှည်စွာစောင့်ဆိုင်းမှု၏ရလဒ်သည်သင့်နှင့်လိုက်ဖက်သောလက်တွဲဖော်တွေ့ရှိ
လိမ့်မည်ဖြစ်သည်။
အမျိုးသမီး နွာနှစ်မွေးဖွားသူများ ယခုနှစ်တွင် အထီးကျန်ခံစားနေရလိမ့်မည်ဖြစ်သည်
ထိုကြောင့်ယခုနှစ်အိမ်ထောင်ရေး၊အချစ်ရေးများကို အဆင်ပြေစေနိုင်ရန်
နေအိမ်မေတ္တာလဒ်နေရာတွင် ပန်းရောင်ကျောက်တုံးလေးများထားရှိပေးခြင်ဖြင့်
အချစ်ရေးကံကောင်မွန်လာစေသည်။(အိပ်ယာဘယ်ဖက်ဘေးခုံပေါ်တင်ထားပါ)
မီးအိမ်ထွန်းပေးပါ။
သင့်ရဲ့(LUCK NUMBER 2914) (U PyeAye )(JianJunOo)19/02/2016