Showing posts with label Rat ကြွက်နှစ်မွေးဖွားသူများ. Show all posts
Showing posts with label Rat ကြွက်နှစ်မွေးဖွားသူများ. Show all posts

Sunday, February 21, 2016

Rat ကြွက်နှစ်မွေးဖွားသူများ 1912-1924-1936-1948-1960-1972-1984-1996-2008

Rat ကြွက်နှစ်မွေးဖွားသူများ 1912-1924-1936-1948-1960-1972-1984-1996-2008

(ကံကြမ္မာ)
ကြွက်နှစ်မွေးဖွားသူများ ယခုနှစ်မျောက်နှစ်တွင် ကံကောင်းခြင်းများနှင့်အကျိုးသက်ရောက်သည်
ကံဇာတာများ အဆင်ပြေခြင်းနှင့်အတူ(Tian Kui)auspicious star ကျရောက်သောကြောင့်
လမ်းညွန်ပြသသူနှင့်အတူ ကူညီသောသူပေါ်ပေါက်ခြင်းကြောင့် ကံကောင်းခြင်းနှင့်ကြုံတွေ့မည်။
လုပ်ငန်းအကျိုးကျေးဇူးများရရှိမည်၊ယခုနှစ် လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်များနှင့်ကြုံတွေ့ရမည်။
အထူးသဖြင့် လုပ်ငန်းထိန်းသိမ်းခြင်းနှင့် အဝင်အထွက်စာရင်းများပိုမိုအကျိုးသက်ရောက်သည်။
အခြားတီထွင်မှုလုပ်ငန်းများတွင်လဲ ဖြစ်မြောက်နိုင်ပေသည်။
စီးပွားနှင့်အလုပ်အကိုင်များတွင် ကူညီသူမဆလိမ့်မည်။ပြောင်မြောက်သောပြသမှုရှိလိမ့်မည်။
ထိုအတွက်ကြောင့် အောင်မြင်နိုင်သောလုပ်ငန်းအဖြစ်သို့ရောက်ရှိနိုင်သည်။
(လုပ်ငန်း၊အလုပ်အကိုင်)
လုပ်ငန်းပိုင်းဆိုင်ရာယခုနှစ်အတွင်းတွင် အနည်းသော အခက်ခဲများဖြစ်ပေါ်လိမ့်မည်
စုတ်လဒ်တွဲနေသောကြောင် အချစ်ရေးကြောင့် လုပ်ငန်းပိုင်းတွင် အနှောက်အယှက်
တွေ့ရှိလိမ့်မည်။ကြွက်နှစ်မွေးဖွားသူများယခုနှစ်တွင် အလုပ်အကိုင်တွင် အောင်မြင်
ခြင်းကိုပြသနိုင်သောကြောင့်လုပ်ငန်းအကျိုးကျေးဇူးများရရှိလိမ့်မည်။
နယ်ခြားရပ်ခြားသို့လုပ်ငန်းချယ်ခြင်းပြုလုပ်သောအခါ ကူညီသူပေါ်ပေါက်သောကြောင့်
လုပ်ငန်းအဆင်ချောမောစွာရရှိနိုင်လိမ့်မည်။
လုပ်ငန်းအပေါ်တွင်ကြွက်နှစ်မွေးဖွားသူများ ကူညီသူ၊ကျေးဇူးရှင်များကိုကောင်းမွန်စွာ
ထိတွေ့ဆက်ဆံထိန်းသိမ်းမှုများပြုလုပ်ခြင်းကြောင့် တဖက်ရန်လိုသူများဖယ်ရှားနိုင်လိမ့်မည်။
ထိုအတူ(ပြဿန၊စကားများခြင်း၊ခိုက်ရန်ဖြစ်ခြင်းများကိုလဲကာကွယ်နိုင်လိမ့်မည်)
ယခုနှစ်တွင် အကောင်းဆုံးပြုလုပ်ရမှာကတော့
မိမိနေအိမ်တွင်း စာကြည့်ခန်းမှစာကြည့်စာပွဲ(သို့)လုပ်ငန်းစာပွဲတွင်(Wen Chang Benefactor Dou)
ထားရှိပါ။ (ရေနွေးကြမ်းခွက်အရွယ်ကြွေခွက်အဖြူထဲကို ဝါ၊စိမ်း၊နီ၊နက်၊ဖြူ၊ပဲမျိုးစုံတစ်ကန့်စီထဲ၍ထားပါ)
(စီးပွားဥစ္စာ)
ကြွက်နှစ်မွေးဖွားသူများ ယခုနှစ်တွင် စီးပွားလဒ်နေရာတွင် (Da Hao)star ကျရောက်သောကြောင့်
ဘဏ္ဍာရေးဆုံးရှုံးမှုကို အဓိကထိန်းသိမ်းပါ။
ကြွက်နှစ်မွေးဖွားသူများယခုနှစ်တွင်လုပ်ငန်းပိုင်းဆိုင်ရာသည် ကောင်းသောအနေသို့ရောက်ရှိနေသည်
စီးပွားရေးဆိုင်ရာလည်းတိုးတက်မှုများရရှိနေပြီ။
ဒါပေမဲ ၂၀၁၆နှစ်တွင် ကျရောက်သော ကံဇာတာအရ လယ်ထွန်ချိန်လယ်ထွန်၊ရိတ်သိမ်းချိန်ရိန်သိမ်း
သောကြောင့် အကျိုးရှိသောရလဒ်များရရှိပေလိမ့်မည်
သို့သော် စည်းစိမ်ဥစ္စာဆုံးရှုံးမှုအခြေအနေများနှင့် ဥပဒေရေးရာ ပဋိပက္ခငွေကြေးဆိုင်ရာအမှုများဖြစ်
နိုင်သောအလားအလာရှိနေလိမ့်မည်၊သတိထားရန်ဖြစ်သည်။
Tan Lang) star ကျရောက်သောကြောင့်ငွေကြေးခြိမ်းခြောက်မှုများနှင့် တရားရုံးဆိုင်ရာကျရောက်နိုင်သည်။
သင့်လျော်သော ဖုန်းရွှေပညာရပ်ဖြင့်ပပျောက်အောင်ဖယ်ရှားပစ်ပါ။
(ကျန်းမာရေး)
ကြွက်နှစ်မွေးဖွားသူများ ယခုနှစ်တွင် ကျန်းမာရေးအညှံဖက်တွင်ရှိနေ၍ သင့်ရဲ့
နေထိုင်စားသောက်ခြင်းများကို သတ်မှတ်ထိန်းသိမ်းပြုလုပ်ပါ။
စွန့်စားသော အားကစားနှင့်စွန်းစားသောလှုပ်ရှားမှုများကိုသတိထားပါ သွေးထွက်သံယိုဖြစ်ပွားနိုင်သည်

(အိမ်ထောင်ရေး၊အချစ်ရေး)
ကြွက်နှစ်မွေးဖွားသူများ ယခုနှစ်တွင် အချစ်ရေးနှင့်ပတ်သက်၍အနည်းငယ်အားနည်းနေသည်
တက်ကြွသောအချစ်ကံဇာတာများမရှိပါ။
လူပျိုလူလွတ်များ အချစ်ရေးနှင့်ပတ်သက်၍တွေ့ကြုံလိမ့်မည်
အိမ်ထောင်ကွဲ၊တစ်ခုလပ်များအတွက်လုပ်ငန်းတွင်အားစိုက်နေသောကြောင့်
အချစ်ရေးတွင် တွေ့ကြုံမှုအားနည်းနေလိမ့်မည်။
သင့်ရဲ့ LUCK NUMVER 5502

( U PyeAye)(JianJunOo)17/02/2016