၆။ မိမိအိမ်တံခါးမ၊အိပ်ခန်းတံခါးမသည်မျက်နှာချင်းဆိုင်တံခါးတိုက်နေပါက စကားများကိန်းရှိသည်
(အခန်းတံခါးကို လိုက်ကာတပ်ဆင်ပါ၊)တဖက်တိုက်ခန်း၊(သို့)တဖက်အခန်းက တခြားအင်းကွက်၊
အတိုက်အခိုက်များချိတ်ဆွဲပါကို မိမိကိုယ်လာရောက်ထိခိုက်နိုင်သည်၊(လိုက်ကာတပ်ခြင်းသည်
တဖက်လူကိုမထိခိုက်နိုင်ပါ၊မိမိကိုယ်လဲကာကွယ်ခြင်းဖြစ်သည်။)
(JianJunOo)
Friday, November 28, 2014
ဖုန်းရွှေကို အသုံးပြုပုံ(၄)
Wednesday, November 26, 2014
ဖုန်းရွှေကို အသုံးပြုပုံ(၃)
ဖုန်းရွှေကို အသုံးပြုပုံ(၃)
အလုပ်အဆင်ပြေခြင်း၊ဈေးရောင်းကောင်းခြင်း၊စာဖတ်အားကောင်းခြင်း၊
၁။ မိမိအလုပ်စာပွဲ(သို့)စာရေးစာပွဲ ၊အရောင်းစာပွဲပေါ်တွင်မလိုအပ်သော ပစ္စည်းတွေမထားပါနဲ့။
၂။ညာဖက်အံဆွဲပထမအဆင့်တွင် ၁ိစေ့ ဆားရည်ဖြင့်ဆေးပြီ ညာဖက်ဒေါင့်တွင်ထဲ့ထားပါ။
၃။ညာဖက်ရှေ့စာပွဲဒေါင့်တွင်စာကြည့်မီးအိမ်ထားပါ၊သွားနေသော စာပွဲတင်နာရီတလုံးတင်ပါ၊
၎။ကျောင်းသူ၊ကျောင်းသားများအတွက်(ညာဖက်ရှေ့နံရံရှေ့ပါက ဘောင်ပါသော ကမ္ဘာမြေပုံတခုချိတ်ထားပါ။)
၅။ ဘယ်ဖက်စာပွဲပေါ်တွင်ဖုန်း၊ဂဏန်းတွက်စက်၊အလုပ်စာရင်းစာအုပ်၊(သို့)ကျောင်းစာအုပ်များထားပါ၊
(စာပွဲတင်နာရီကိုမိမိဖက်လည့်ထားပါ၊ဓါတ်ခဲကုန်လျှင်ချက်ခြင်းလဲပါ၊မရပ်ပါစေနဲ့)

Tuesday, November 25, 2014
ဖုန်းရွှေကို အသုံးပြုပုံ(၂)
ဖုန်းရွှေကို အသုံးပြုပုံ(၂)
မိမိကိုယ်ကို ယင်းရန်陰陽= ဖိုမဓါတ် ကို မျှတအောင်ပြုနည်း
ပထမဦးစွာ
၁။ မိမိအိမ်အတွင်းနေထိုင်မှုကို သတိထားပါ၊
၂။မိမိအမြဲထိုင်နေသောနေရာ(သို့)ထိုင်နေသောနေရာသည် ပြူတင်းပေါက်ကျော်ပေးထိုင်ခြင်း တံခါးပေါက်ကိုကျော်ပေးထိုင်ခြင်း ကိုရှောင်ရှားပါ၊
၃။ဆိုဖာပေါ်ဖြစ်စေ၊ကုလားထိုင်ပေါ်ဖြစ်စေ၊နောက်ကျော်ဖက်တွင်နံရံဖြစ်ရမည်။
၎။ရုံးအမှု့ထမ်း၊ကျောင်းသား၊ကျောင်းသူများလဲမိမိစာရေး၊စာဖတ်နေသောထိုင်ခုံလဲကျော်မှီရှိရမည်။
၅။ထိုင်နေသောနောက်ကျော်တွင် ကြည့်မှန်(သို့)မှန်မရှိရ၊ ရှိပါက ထိုင်ခုံကျော်မှီပေါ်တွင် အင်္ကျီချိတ် ထားပါ။

Monday, November 24, 2014
ဖုန်းရွှေကို အသုံးပြုပုံ(၁)
လူနှင့် ဓါတ်ကြီးငါးပါး
လည်ပတ်ပုံ (သို့) ဝူရှင်း လည်ပတ်ပုံ
ဓါတ်ကြီးငါးပါးကို နားလည်အောင်လေ့လာပါက
ဖုန်းရွှေတွင်လိုအပ်သောနေရာ
တွင်အသုံးပြုနိုင်သည်။
五行相生、相克
水生木,木生火,火生土,土生金,金生水。
水克火,火克金,金克木,木克土,土克水。
သစ်သား၊မီး၊မြေ၊သတ္တု၊ရေ
။
ရေခမ်းခြောက်လျှင် အပူဓါတ်များ၊
မီးများနေလျှင် အင်အားခမ်းခြောက်၊(အဟာရခမ်းခြောက်)
အဟာရနည်းလျှင် ရုပ်၊ခန္ဓာခမ်းခြောက်၊
ရုပ်၊ခန္ဓာခမ်းခြောက်လျှင်
သွေးသားခမ်းခြောက်၊
သွေးသားခမ်းခြောက်လျှင် ရေခမ်းခြောက်မည်။
(နားလည်နိုင်အောင် အနီးစပ်ဆုံးဘာသာပြန်ထားခြင်းဖြစ်ပါသည်၊
အမျိုးမျိုးယူဆပြန်ဆိုနိုင်ပါသေသည်)
မှတ်ချက်၊ ဓါတ်ကြီးငါးပါးကိုကောင်းစွာနားလည်ပါက ဖုန်းရွှေတွင်ကောင်းစွာအသုံးချနိုင်သည်။
JianJunOo
Sunday, November 23, 2014
အိမ်ခန်းငှါးရမ်းနေထိုင်သူများအတွက် အလုပ်အကိုင်ခက်ခဲခြင်း ၁
အိမ်ခန်းငှါးရမ်းနေထိုင်သူများအတွက်
အလုပ်အကိုင်၊ကိစ္စ၊အကြောင်းအရာများအဆင်မပြေခြင်းအကြောင်းများ (၁)
၁။ မိမိအိမ်ခန်းအတွင်းအမြဲသန့်ရှင်းတနေ့တခါ တံမျက်စီးလှဲပေးပါ၊
၂။ကုတင်အောက်တွင်မည်သည်ပစ္စည်းမှ မထားပါနဲ့၊
၃။ကုတင်ခေါင်းရင်းကို ပြူတင်းပေါက်တည့်တည့်ထားမအိမ်ပါနဲ့၊
၎။ဘီဒိုမှန်၊ကိုယ်လုံးပေါ်ကြည့်မှန်များကို ကုတင်ခြေရင်းတည့်တည့်၊ကုတင်ဘေးတည့်တည့်မထားပါနဲ့(ခေါင်းရင်ဘေးထားနိုင်သည်)
၅။ကုတင်ခေါင်းရင်းပေါ်(သို့)ကုတင်အပေါ်တည့်တည့် ထုပ်တန်း၊ကွန်ကရစ်ထုပ်တန်းမရှိပါစေနဲ့(ကုတင်ရွေ့အိပ်ပါ)
၆။ကုတင်ခေါင်းရင်ဘေးတွင် စာကြည့်မီးအိမ်၊တခုထားပါ၊့မြင်းရုပ်တကောင်ထားပါ၊ (မြင်းရုပ်ခြေလှမ်းနေသောပုံစံဖြစ်ရမည်)

Subscribe to:
Posts (Atom)