Saturday, November 19, 2011

ကမ ၻာ့အေပါ့ပါးဆံုး သတ္တုပစ္စည်းလေး

World's 'lightest material' unveiled by US engineers A team of engineers claims to have created the world's lightest material. နောင်လာမဲ့နှစ်တွေ့ကမ္ဘာပေါ်မှာ ပေါ့ပါးသေးငယ်သောသတ္တုပစ္စည်း လူသုံးကုန်ပစည်းများ ထုပ်လုပ်နိုင်တော့မည်ဖြစ်သည်
ကမ္ဘာ့အပေါ့ပါးဆုံး သတ္တုပစ္စည်းလေး Engineers say the material is less dense than aerogels and metallic foams

Tuesday, October 11, 2011

လူ နှင့် အလုပ်အကိုင်ကောင်းမွန်အောင်

လူနှင့်ယင်းရန်ကောင်းမွန်မှ အလုပ်ကိုင်နှင့် ပညာရေးလဲကောင်းမွန်လာနိုင်သည်။
ပြီခဲ့တဲ့ပို့စ်မှာအိတ်ခန်းနဲ့ပတ်သက်သာတွေကိုတင်ပြထားသာပြုလုပ်ကြပြီး လူတစ်ယောက်ရဲကအရေးကြီးဆုံးအနားယူချိန်အတွက်ပြင်ဆင်ခြင်းဖြစ်သည်။ တကိုယ်ရေသန့်ရှင်းမှုကတော့မိမိအတွက်အရေးကြီးတာကိုလဲသတိပြုကြပါ။ ဥပမာအမှိုက်ပုံဘေးမှာခဏတိုင်ကြည့်လျှင်အနံအသက်တွေနှင့်အမှိုက်တွေကိုမြင်ခြင်း ကြောင့်လူကျန်းမာရေးနှင့်စိတ်တွေလဲမတည်ငြိမ်မှု့တွေဖြစ်လာတယ်၊သဘာဝပတ်ဝန်းကျင်နှင့် မိမိနေသောအခန်းကိုသန့်ရှင်းသတ်ရပ်စွားပြုလုပ်ထားနိုင်ပါကပိုကောင်းပါသည်၊ မိမိစာရေးစားပွဲပေါ်တွင်လဲစာအုပ်များကိုသေချာသတ်ရပ်စွားစီထားပါ၊ စာရေးစားပွဲပေါ်တွင် သလင်းကျောက်တုံး(သို့)ယခုဆိုင်များတွင်ရောင်းနေသော ကျောက်အဝါရောင်ဖြင့်ပြုလုပ်ထားသောအတွင်းမီးလုံးထွန်းသောမီးအိမ်သော်၎င်း၊ ထားရှိခြင်းဖြင့်စိတ်ကိုယ်တည်ငြိမ်စေပြီး၊စာရေးစာကျက်ရာတွင်အကြိုးပြုသည်။ အလုပ်တွင်လဲအကြံဥာဏ်များပိုမိုရရှိနိုင်သည်။ (မှတ်ချက် =အိတ်ခန်းကိုအရေးကြီးကြောင်းပြောချင်တာက လူတစ်ယောက်ရဲ့ယင်းရန် ကောင်းမွန်ညီမျှစွာလည်ပတ်နေမှသာ ကျန်းမာရေး၊ကံ၊ဥာဏ်များပွင့်လန်းနိုင်မည် ဖြစ်သည်။) ဆက်လက်တင်ပြပါမယ် JianJunOo

Thursday, October 6, 2011

ဖုန်းရွှေ ရဲ့ ထိုက်ကြည် ယင်းရန်း အကြောင်း

 

ဖုန်းရွှေ  Feng Shui 風水။    風 = ဖုန်း= လေ           水 =ဆွေ= ရေ

 ပါးကွ = ယင်းရန်陰陽 (ပါးကွထဲတွင် ယင်းရန်ရှိသည်)

လူ ထဲတွင် ယင်းရန် ရှိသည်။

လူ = ဖိုမဓါတ် = ယင်းရန်陰陽

ယင်း= အမ = ည = လမင်း = ကမ္ဘာမြေကြီး

ရန်  = အဖို = နေ့ = နေမင်း= မိုးကောင်းကင်

五行相生、相克
  水生木,木生火,火生土,土生金,金生水。
  水克火,火克金,金克木,木克土,土克水。
阴天干:乙、丁、己、辛、癸
阳天干:甲、丙、戊、庚、壬
ယင်းရန် 陰陽 တည်ငြိမ်မနေပါ၊အမြဲလှုပ်ရှားလည်ပတ်နေသည်
ယင်းထဲမှာ ရန်ရှိသည်     ရန်ထဲမှာ ယင်းရှိသည်
လူတယောက်ကို     ယင်းရန် ဘယ်လိုခွဲမလဲ
လက်နှစ်ဖက် ဘယ်ဟာကယင်း ဘယ်ဟာကရန်လဲ
လက်တစ်ဖက်ကို ဘယ်လက်ချောင်းကယင်း ဘယ်လက်ချောင်းကရန်လဲ
ဆက်လက်တင်ပြသွားပါမယ်။
 JianJunOo

Tuesday, October 4, 2011

ဖုန်းရွှေကိုဘယ်လိုအသုံးပြုမလဲ

ဖုန်းရွှေကိုဘယ်လိုအသုံးပြုမလဲ အရင်ဆုံး ဘာလုပ်မလဲ?
အရေးအကြီးဆုံးအချက်များ
၁= ကိုယ်နေတဲ့အခန်းကိုသန့်သန့်ရှင်းရှင်းဖြစ်အောင် အရင်ပြုလုပ်ပါ။
၂= ကိုယ်အိတ်နေသောကုတင်ပေါ်မှာ ခေါင်းအုံးစောင်ကလဲလို့ အခြားဘာပစ္စည်းမှမတင်ပါနဲ့
၃=ညအိတ်သောအချိန်တွင် ကိုယ်အိတ်ယာဘေးမှာမှန်တင်ခုံရှိလျှင် တခြားနေရာရွေ့
မရလျှင် မှန်ကို အဝတ်၊မျက်နှာသုတ်ပုဝါဖြင့်ကာထားပါ၊
၎=အိတ်ခန်းအတွင်း အဝတ်လှမ်းသောစင်များ၊အဝတ်များကို ဘီဒိုအတွင်းသေချသိမ်းလိုက်ပါ၊
၅=နေ့စဉ် အိတ်စက်ခြင်းကို မိမိအခန်း၌ အနံဆိုးများမရှိပါက၊အကောင်းဆုံးဖြစ်သည်။
၎င်းသည်လူ၏ ယင်းရန် ဓါတ်ကို မပျက်စီးအောင်ပြုလုပ်ခြင်းဖြစ်သည်၊
ဆက်လက် ယင်းရန်ကြောင်းနှင့် စီးပွားလပ်နေရာကိုရှာပြီးပြုလုပ်ရန် တင်ပြပါအုံးမည်။

JianJunOo

Monday, October 3, 2011

ဗေဒေကိုယုံတယ် ဖုန်းရွှေကိုမယုံချင်ဘူးဆိုသူများ

နားမလည်ဘူး၊မယုံကြည်ဘူး၊ အစွဲအလန်းလို့ဆိုသူများကို ပြောတာပါ၊
နားမလည်လို့၊မယုံကြည်တာ၊မယုံကြည်လို့ အစွဲအလန်းလို့ပြောခြင်နေတာဖြစ်ပါသည်။
ထိုသူများကိုလဲ မပြောလိုတော့ပါ။
ဖုန်းရွှေဆိုသည် ရေးခဲ့ပြီးဖြစ်ပါတယ်၊
လူနှင့်မိုးကောင်းကင်
လူနှင့်မြေကြီး
လူနှင့်လူ့ပတ်ဝန်းကျင်၊
လူနှင့်လူအသုံးဆောင်း၊
တို့ကို သင့်မြတ်အောင် နေထိုင်ခြင်း၊နှင့်အဆင်ပြေအောင်အသုံးပြုခြင်းများကိုဆိုလိုသည်၊
(ဖုန်းရွှေဆိုတာ မိမိ၏ပတ်ဝန်းကျင်ကိုကောင်းမွန်စွားအသုံးပြုခြင်းဖြစ်သည် တရုတ်ဘာသာရေးကို ကိုးကိုယ်ခိုင်းခြင်းမဟုတ်ပါ၊)

Wednesday, September 28, 2011

ယံ့ကျင်း = ပါးကွ = ယင်းရန် = ဖုန်းရွှေ အဘယ်နည်း

ဝိညာဉ်များကို လေ့လာကြည့်ရှု့ပြီး ယုံသူများရှိသလိုမယုံသူများလဲရှိကြပါသည်
၎င်းကိုယုံကြည်ခိုင်ခြင်မဟုတ်ပါ၊
တွေ့ကြုံလာခဲ့သော် အဘယ်ကဲ့သို့ဖြေရှင်နိုင်လျှင် ပိုကောင်းသနည်း၊
လေ့လာဆုံးဖြတ်နိုင်ရန်ပို့တင်လိုက်ခြင်းဖြစ်သည်
ယံ့ကျင်း = ပါးကွ = ယင်းရန် = ဖုန်းရွှေ သည် ဘာလဲ
ဖုန်းရွှေကို လေ့လာရန် = ယံ့ကျင်းနားလည်ရမည်၊
ဖုန်းရွှေကို လေ့လာရန် = ပါးကွ ကို နားလည်ရမည်၊
ဖုန်းးရွှေကို လေ့လာရန် = ယင်းရန် ကိုလဲ နားလည်ရမည်ဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည် ၊

Jian Jun Oo

Monday, September 19, 2011

မိမိ၏ ကိုယ်ကျင့်တရား

မိမိက လူတစ်ဦးတစ်ယောက်ကို နှိမ့်ချ ကဲ့ရဲ့ လောင်ပြောင်ရယ်စရာ စကားကိုပြောခြင်းသည် မိမိ၏ ကိုယ်ကျင့်တရား ကို ပေါ်လွင်စေသည်။ဟု ယံ့ကျင်း ကျမ်းစာပေမှ ပြောကြားထားသည်။ မြန်မာနိုင်ငံတွင် က အဘယ်နည်း ? မိမိကိုယ်ကို ပြန်လည် -------?

Jian Jun Oo

Tuesday, September 6, 2011

Sunday, September 4, 2011

ဗုဒ္ဓ လက်ညိုးတော် ကို တရုတ်ပြည်တွင်ပြန်လည်ကိုးကိုယ်ထား

တရုတ်ပြည်ရှိးအမ်းမြို့ဗုဒ္ဓ လက်ညိုးတော်ကို ထာပနာထားသော စေတီတော်ကြီးကို မိုးကြိုးလွဲမရှိသဖြင့် ၁၉၈၁ခုနှစ်တွင်မိုးကြိုးပစ်လိုက်ရာ နှစ်ပေါင်း၁ထောင်ကျော်ထာပနာပိတ်ထားသော ထန်မင်းဆက် ကိုးကွယ်ထားသော ဗုဒ္ဓ လက်ညိုးတော်ကို ၁၉၈၄ခုနှစ်တရုတ်ရှေးဟောင်းသုတေသနမှာတူဖေါ်ပြီး အသစ်ပြန်လည် ထာပနာထားသည်။ (သီရီင်္လာကာ စွယ်တော်တစ်ဆူ၊တရုတ်ပြည်ပေကျင်းမြို့တွင် စွယ်တော်တစ်ဆူ၊ တရုတ်ပြည် ရှိးအမ်းမြို့တွင် လက်ညိုးတော်တစ်ဆူ၊ ကိုးကွယ်ထားကြောင်းသိရှိရသည်။)

၉ရာစု နှစ်ကဗုဒ္ဓ လက်ညိုးတော် ကို တရုတ်ပြည်တွင်ကိုးကိုယ်ထား

၉ရာစု နှစ်က ဗုဒ္ဓ လက်ညိုးတော်ကို တရုတ်ပြည်ရှမ်းစီးပြည်နယ်ရှိးအမ်းမြို့တွင်ကိုးကိုယ်ထားသည်။ ၁၁ရာစုနှစ်တွင်ထန်မင်းဆက်တွင် ထန်ဘုန်းတော်ကြီးတပါးကို အိနိယသို့သွားရောက်ပြီး ဗုဒမြတ်စွာဘုရား၏တရားတော် နှင့် ပိတိကသုံးပုံကို တရုတ်ပြည်သို့ယူဆောင်လာ သည်၊ထိုသို့ယူဆောင်လာပြီးနောက်ပိုင်းမှတရုတ်ပြည်ဗုဒဘာသာထွန်းကားခဲ့သည်။ ဗုဒ္ဓဘာသာ၊ဗုဒရုပ်ပွားတော်၊ဗုဒ္ဓတရားတော်၊ ဗုဒ္ဓဘာသာရေးစာအုပ်၊ဗုဒ္ဓပန်းချီကားများ၊ ဗုဒ္ဓနှင့်ပက်သက်သော ယဉ်ကျေးမှုများထွန်းကားလာခဲ့သည်။ ထန်မင်းဆက် လီရှိမင်ဘုရင်လက်ထက် AD 632ခုနှစ်တွင် ဗုဒ္ဓဘုန်တော်ကြီးကျောင်းကိုဖွင့်လစ် ပေးခဲ့သည်။ထိုခေတ်က တရုတ်ပြည်တွင်အကြီးဆုံး ဗုဒ္ဓလက်ညိုးတော်ကိုးကွယ်ထားသော ဘုရားကျောင်းဖြစ်ခဲ့သည်။ ဗုဒ္ဓ၏လက်ညိုးတော်ကိုAD 841- 845 ခုနှစ်တွင် ဗုဒဘာသာကိုဖျက်စီးသူပေါ်လာသောကြောင့် ၄င်းဗုဒ္ဓလက်ညိုးတော်ကို လက်ညိုးတော်ပွား၃ခုပွားပြီးဗုဒ္ဓလက်ညိုးတော်အစစ်နှင့်အတူထာပနခဲ့သည်။ ထန်မင်းဆက် ရဲ့ နှစ်ပေါင်း၂၄၂ကျော် တိတိကိုးကိုယ်ခဲ့ပြီး AD 874 ခုနှစ်တွင် စွယ်တော်ထာပနကို လုံးဝပိတ်ထားခဲ့သည် AD 1113 ခုနှစ်တွင် တရုတ်ရှေးဟောင်းသုတေသနမှ ပြန်လည်ဖေါ်ထုပ်ခဲ့သည် 2002ခုနှစ်တွင် တရုတ်ပြည်မှ ထိုင်ဝမ်နိုင်ငံသို့လက်ညိုးတော်နှင့်အတူ လက်ညိုးတော်ပွား၃ဆူပင့်ဆောင်ဖူးခွင့်ပေးခဲ့သည်

Saturday, September 3, 2011

Friday, August 26, 2011

ယံ့ကျင်း နှင့် 2012 ဖြစ်လာမည့်လျှပ်စစ်အလင်းတန်းများ

ယံ့ကျင်းတွင် နှစ်တစ်ထောင်ပြည့်တိုင်းဖြစ်ပေါ်လာသောအလင်းတန်းသည်
2012ခုနှစ်တွင် 6 ပုံသဏ္ဍာန်ရှိသော လျှပ်စစ် အတန်းများဖြစ်ပေါ်လာနိုင်
သောနေရာမှာ လူသားများပေါ်သို့ ကျရောက်သောအခါ လူသားများတွင်
ရှိသောသော့ချက်များ ပွင့်သွားခဲ့လျှင် ကြောက်မက်ဖွယ်ရာများတွေ့မြင်
လာနိုင်သည်ဟုယူဆထားသည်၊
မမြင်အပ်သောဝိညာဉ်များ၊နှင့်တကွထိတွေ့နိုင်သည်။
(လူတိုင်းကိုမဆိုလိုပါ)

(ထိုကြောင့် လူတိုင် သမဓိ မြဲအောင်ကျင့်ကြံနိုင်ကြပါစေ။)

JianJun Oo

Wednesday, August 24, 2011

သံသရာ ဝက်လည်ခြင်း လို့ပြောချင်ပါတယ်

ထိုင်ဝမ်နိုင်ငံ ကောင်းရှူံ မြို့ တွင် အမွှေး အမဲရောင်းများ တကိုယ်လုံး
ပေါက်ရောက်နေသော မိန်းကလေးငယ်တဦးရှိသည်၊
ထိုမိန်းကလေးသည် သူ၏ အသားရေကို ဓါးဖြင့်လှီးပြီး မီးပူဖြင့်ထိုးရာ
လက်များ မီးပူလောင်သလိုဖြစ်သွားသည်၊ အမွှေးမျှဉ်များ ပျောက်မလား
ဆိုပြီး ပြုလုပ်ခဲ့ရာမှ အနာများပိုမိုဖြစ်ပွားလားသည်၊ ထိုသတင်းကြားသိ
သော သတင်းထောက်များလာရောက်မေးမြန်းကြရာ မှ ထိုင်ဝမ်မှ
လူဝံလို အမွှေးမျဉ်များပေါက်သောမိန်းကလေးဟုသတင်းထွက်ခဲ့သည်။
နောက်ပိုင်း မိန်းကလေး၏မိဘများက ဆေးကုသရန် ဆရာဝန်ပြသသော်
လည်း မပျောက်ကင်းပေ ၊ထိုမှ နားလည်သောဆရာတစ်ရောက်ထံသို့
ပြသသောအခါ ၄င်းဆရာက အထက်ဆရာများကိုမေးမြန်းရာ မိန်ကလေး၏
မိဘများကို "အရင်ဘဝက ထိုမိန်းကလေးသည် ဝက်သတ်သောအလုပ်လုပ်ခဲ့
သော ဝက်သတ်ဆရာဖြစ်ခဲ့သည်၊ထို့ကြောင့် ဝက်များကပြန်လည်ဝဋ်ကြွေး
ဆပ်ခိုင်းခြင်းဖြစ်ကြောင်းပြောကြားလိုက်သည်"
ထိုမိန်းကလေးထမင်းစားလျှင်လဲ ဝက်များလို စားသည်၊စကားပြောလျှင်လဲ
ဝက်များအသံထွက်သော တဂွဂွ နဲ့အသံထွက်လေသည်။
(ဝက်များလို ဝဋ်လည်ခြင်းကြောင့် ဝက်လည်တယ်လိုပြောချင်ပါတယ်)

(သံသရာတလျှောက်၌ ငါးပါးသီလလုံနိုင်ကြပါစေ)
JianJun Oo

Monday, August 22, 2011

ချက်ချင်းဝဋ်လယ်(ဝဋ်လိုက်)ခြင်း 1

ဝဋ်ကို ပပျောက်အောင်လုပ်သောနည်းမရှိပါ
ငရဲကျမည့်နေ့ ကို ရက်ရွေ့ပြီး ပပျောက်အောင်လုပ်နိုင်သည်၊
(ယံ့ကျင်း)ဖုန်းရွှေတွင်ရေးသားထားသည်။ တကဲ့ဖြစ်ရပ်မှန်များ တရုတ်ပြည် ရှိချွန်း တွင်ဖြစ်ပွားခဲ့သော အရေခွံလဲသောမိန်းကလေးဖြစ်သည် ထိုမိန်းကလေးအသက်၃၀ဖြစ်သည် တစ်ရက်လျှင် အရေခွံ၃ .၄ ချပ်ကွာကျသည်၊ တခါတလေ တစ်ရက်ထဲ ၁၀ချပ်၁၅ချပ် ကွာကျသည်၊ ၄င်းဖြစ်ရပ်ကို ဘီဘီစီမှ သတင်းများလဲသွားရောက်ရိုက်ကူးခဲ့သည်၊ အင်္ဂလန်မှ ဆေးသုတေသီများလဲလာရောက်လေ့လာခဲ့သည်၊ ထိုမိန်းကလေးကို မေးမြန်ရာ အရင်လုပ်ခဲ့သောလုပ်ငန်းကိုမေးရာ "မိန်ကလေးက ကျမ အရင် မြွေအရေခွံ ခွာသောအလုပ်လုပ်ခဲ့ကြောင့်" ဆေးသူတေသီများက မြွေမှ ပို့မွှားတမျိုးကူးစက်ရောဂါဖြစ်ကြောင့်ပြောရာ တရုတ်ဆေးပညာရှင်များက မဖြစ်နိုင်ကြောင့် ၄င်းအလုပ်လုပ်ခဲ့သောနေရာ တွင် အလုပ်သမား ၆၀၀ကျော် ထိုအလုပ်လုပ်နေတာ ဘာမှမဖြစ်ကြောင့် ပြောရာ၊အဖြေရှာမရသော ရောဂါဖြစ်နေသည်၊ ကိုယ်အလေးချိန်တနှစ်အတွင်း၅၅ကီလို မှ ၄၄ကီလို
တနှစ်အတွင် အရေခွံ အချပ်ပေါင်း၁၀၀၀ကျော်ကွာကျ
(ထိုင်ဝမ်းမှ ဖုန်းရွှေဆရာကြီးတယောက်ပြောကြားချက်အရ ချက်ချင်းဝဋ်လိုက် ခြင်းဖြစ်သည်၊နှစ်ပေါင်းကြာသောမြွေများသည် ကျင့်ကြံအားထုပ်ရာ ပါဝါရှိလာ သောအခါ ၄င်းကိုသတ်ဖြတ်လိုက်ပါက ဒဏ်ပြန်ဝဋ် လိုက်ခြင်းသာဖြစ်ကြောင့် ပြောကြားသွားသည်)

Sunday, August 21, 2011

2011 သတင်းများမှ တရုတ်ကျည်ဆံရထား မိုးကျိုးပစ်ခံရ

တစ်နာရီ ကီလိုမီတာ ၃၈၀ ဝန်းကျင်ပြေးသော ပေကျင်းမှ ဖူကြိုး high-speed ကျည်ဆံရထား2011.07.23 ၊20နာရီ27မိနစ် မိုးကျိုးပစ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ လူ 219 သေဆုံး အခင်းဖြစ်ပွားမှုနေရာ၌ လူနှင့် ရထားတွဲကို ၄င်းတံထားအောက်နေရာ တွင် မြုပ်ပစ်ခြင်း။တရုတ်အစိုးရသတင်းမှ (၃၉)ယောက်သာသေဆုံးလို့ပြောကြား 1988 07 23 ထန်စန်းပြည်နယ် ငလျင် ကြီး လူ၂၄၀၀၀၀ သေဆုံးနေ့ နှင့် တိုက်ဆိုင်နေသည်။ ပေကျင်းမှ ဖူကြိုးသို့D301နှင့်ဟန်ကြိုးမှဖူကြိုးD3115 ကျည်ဆံရထားနှစ်စီးတိုက်မှုဖြစ်သည် ဟုပြောကြား၊

Friday, August 19, 2011

ဖုန်းရွှေ နှင့် မိုးကောင်းကင်၏နိုင်ငံခေါင်းဆောင်များအကြောင်း

တခါက  ယံ့ကျင်း ဖုန်းရွှေနားလည်သော အမေကြီးတယောက်ရှိသည် တနေ့တွင် သူ၏သားတယောက်က သူ့အမေကိုပြောတယ် "အမေ သား မင်းအမှုထမ်း သွားလုပ်မယ်လို့ သူ့အမေကိုပြောတယ်" အမေကြီးက ဘာပြန်ပြောလဲဆိုတော့ "ငါ့သား ငါ့သားခေါင်းမှာ ကြယ်ပေါက်နေပြီလား လို့မေးလိုက်တယ်၊" (မင်းခေါင်းပေါ်မှာကြယ်ရှိပြီလားလို့မေးတယ်၊) ဖုန်းရွှေတွင် မင်းမှုထမ်းအကြီးအကဲသည် ကိုယ်ပိုင်အရောင်နှင့် ကြယ်တပွင့် မိုးကောင်းကင်တွင်ရှိရမည်၊ ၄င်းကြယ်ကြွေကျသောနေ့သည် အသင့်၏ ကံ_____ သာဖြစ်သည်။ (တားစီးလို့မရသော နက္ခတ်ဖြစ်သည်)

Wednesday, August 17, 2011

မေခ မေလိခ နှင့် ဖုန်းရွှေ

ရေဘယ်ကစလာသလဲ့ ၄င်းရေစထွက်သောနေရာသည်၊
လူတွေ၏အသက်ရှင်သန်သောနေရာဖြစ်သောကြောင့်၊
၎င်းနေရာသည် အကောင်းဆုံး စတည်သောဖုန်းရွှေဖြစ်ပြီး၊
အဓိကကျသော နဂါး၏သွေးကြောပင်မဖြစ်သည်၊
ထိုကြောင့် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော မေခ မေလိခသည်
မြန်မာနိုင်ငံ၏အဓိကသွေးကြောဖြစ်သော နဂါး၏သွေးကြော龍脈 ဖြစ်သည်။
龍脈 ကို ဖျက်စီးလိုက်ပါက မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာမည့်
အကြောင်းအရာများမတွေးဝံတော့ပါ။


Jian Jun Oo

Tuesday, August 16, 2011

ထူးဆန်းသောဂျပန်တပ်မဟာ အမှတ်၁၅အထူးတပ်ဖွဲ့ မြန်မာနိုင်ငံတွင်ပျောက်ဆုံးပျက်သုံးသွားခြင်း။

ဂျပန်တပ်မဟာ အမှတ် ၁၅ မြန်မာနိုင်ငံ၌ပျောက်ဆုံးပျက်သုံးသွားခြင်း။
ဖက်စစ်ဂျပန် မြန်မာနိုင်ငံတွင်အုပ်စိုးခဲ့စဉ် ၁၉၄၄ မတ်လ ၈ရက် နေ့
ဂျပန်တပ်မဟာ အမှတ် ၁၅ အထူးတပ်သည်၊စစ်ရေးကျွမ်းကျင်မှုအရှိဆုံး
ဖြစ်သည်၊ တပ်သား၇၀၀ ဖြင့် ရန်သူ ၁၀၀၀၀ကိုတိုက်ခိုက်နိုင်သည့်
အရည်ချင်းနှင့်ပြည့်စုံသော တပ်ဖြစ်သည်၊
ဖြစ်ရပ်မှာ ၄င်းတပ်မဟာ၁၅ မြန်မာနိုင်ငံမှ  အိန္ဒိ​ယနိုင်ငံသို့တိုက်ခိုက်ရန်
အသွား မြန်မာနှင့်အိန္ဒိ​ယ နယ်စပ်ရောက်သောအခါ သတင်းမပေါက်ကြားစေ
ရန် တွေ့သမျှ မြန်မာနိုင်ငံဖက်တွင်ရှိသော ရွာသားများ တယောက်မကျန်သတ်
ဖြတ်ခဲ့သည်၊  အိန္ဒိ​ယ နယ်စပ် ရွာတစ်ရွာအရောက် ညဖက်ထိုရွာကိုဝင်ရောက်စီးနင်းရာ
ရွာသား၂၀၀ကျော်သည်ထိုအချိန်တွင် နတ်ဘုရားပူဇော်ပသနေသောအချိန်တွင်
ဖက်စစ်ဂျပန်တပ်မဟာ၁၅မှ အထူးတပ်ဖွဲ့သည် တရွာလုံးဖမ်းစီးပြီး အမျိုးသားများကို
သတ်ဖြတ်ပြီး ၊အမျိုးသမီးများ၄၀ကို မတရား အဓမ္မ ပြုကျင့်ပြီး ရွာသူရွာသားအားလုံး
ကို ဘက်နက်(သေနပ်ရှေ့မှဒါး)ဖြင့်ထိုးသတ်ဖြတ်လိုက်ကြသည်။ထိုနောက်  အိန္ဒိ​ယ
ကိုတိုက်ခိုက်ရာ ရှေ့တန်းသို့ထောက်ပို့ရိတ်ခါများ မရောက်လာသောကြောင့် နောက်ဆုံး
 အိန္ဒိ​ယမှ တပ်ဆုပ်ထွက်ခွာလာခဲ့ရာ၊ထိုအပြန်လမ်းတွင် မိုးသဲကြီးမဲကြီးရွာကာမရပ်တော့ဘဲ
တလမ်းလုံးတွင် ၄င်းသတ်ဖြတ်ခဲ့သော သေဆုံးသွားသော ရွာသွားများ
ဝင်ရောက်ပူးကပ်ခြင်းများဖြစ်ခဲ့ရာ ဂျပန်တပ်သားအချင်းချင်းသတ်ဖြတ်ကျ
ကုန်သည်၊ထိုသတင်းကိုဂျပန်တပ်မ၁၅မှအရာရှိက ၄င်းတပ်သားများကိုအုပ်စုခွဲလိုက်ပြီး
မြန်မာနိုင်ငံသိုအပြန် လမ်းတွင်ညဖက်အိတ်ရာတွင် ၄င်းသေဆုံးသွားသောတိုင်းရင်းသာ
၏စကားသံများဂျပန်တပ်သားများကပြောကြပြီးတယောက်နှင့်တယောက်သတ်ကျပြန်သည်၊
တဖြေးဖြေးဂျပန်စစ်သားများသည်ထိုရွာသား၏စကားကိုပြောကြားရာနှစ်ဆဖြစ်လာသည်။
မြန်မာနိုင်ငံသိုအပြန်လမ်းလျှောက် မြစ်ကိုဖြတ်ကူးရာတွင် ဂျပန်တပ်သား၆၀၀ကျော်
ထိုရွာသားစကားများပြောပြီးသံတားပေါ်မှမြစ်ထဲသို့ခုန်ချပြီးကိုယ်ဟာကိုယ်သတ်သေကျသည်။
နောက်ဆုံးမြန်မာနိုင်ငံသို့ ဂျပန်တပ်မဟာ၁၅ သည်အင်အားတစ်သိန်းဝန်းကျင်မှ ၃သောင်းသာ
ကျန်ရှိတော့သည်၊အပြန်လမ်းတွင်တပ်သား ၆၅၀၀၀ကျော်သေဆုံးသွားသည်။
ဂျပန် တပ်မဟာ၁၅ ကို မြန်မာနိုင်ငံတွင်ပျက်သိမ်းလိုက်သည်။

ယခုအကြောင်းကို မြန်မာနိုင်ငံတွင် ၂၀နှစ်ကျော်နေထိုင်ခဲ့သော (လက်ရှိထိုင်ဝမ်းတွင်နေထိုင်သော)တရုတ်ဖြူတပ်မှ တပ်သားဟောင်
တဦးပြောကြာသော မြန်မာနိုင်ငံမှ ဂျပန်တပ်မဟာ၁၅အကြောင်းဖြစ်သည်။
Jian Jun Oo

Monday, August 15, 2011

ဧရာဝတီ ရွှေနဂါးတကောင်နှင့်ဖုန်းရွှေအမြင်

ဧရာဝတီမြစ်ဆုံ​ရေကာတာစီမံကိန်း​ကို ဆက်လက်တည်​ဆောက်​နေလို့
ကြားသိလိုက်ရတဲ့အတွက် မြန်မာနိုင်ငံအတွက် စိတ်ပူသွားခဲ့သည်၊
တရုတ်ကမြန်မာနိုင်ငံမှ အကောင်းဆုံးနဂါးရဲ့သွေးကြောကိုစုတ်ယူတာနှင့်တူသည်၊
အဘယ်ကြောင့်ဒီလိုပြောလိုက်ရသလဲဆိုရင် မြန်မာနိုင်ငံရဲ့ ရွှေနဂါးတကောင်
ကို သတ်ဖြတ်လိုက်ခြင်းနှင့်အတူတူဖြစ်သည်၊北斗七星ဆိုတာ မြောက်ဖက်မိုးကောင်း
ကင်မှာရှိသော ခုနှစ်စင်ကြယ်တည်ရှိနေတဲ့ ဧရာဝတီနဂါးခေါင်းတည့်တည့်龍脈ကို
ဖျက်စီးလိုက်တာနဲ့အတူတူဖြစ်သည်။
မြန်မာနိုင်ငံရဲ့စီးပွားရေးနှင့်နိုင်ငံဝန်ထမ်းထိပ်တန်းထဲမှ ပျက်စီးနိုင်ကြောင်းတွေ့
ရှိရသည်၊
(၄င်းထိုနည်းအတူ ထိုင်ဝမ်းနိုင်ငံတွင် 雪 山龍脈 ရွှယ်စန်းလှိုင်ဂူဆိုတဲ့
နဂါးရဲ့အဓိကအကြောကိုဖောက်ပြီးဖျက်စီးလိုက်တဲ့အတွက် ၄င်းအထက်လူ
ကြီးသုံးဦးသေဆုံးချင်း၊စီးပွားကျဆင်းသွားခြင်းများဖြစ်ခဲ့သည်။)

Jian Jun Oo

Sunday, August 14, 2011

ရှေးနှစ်ပေါင်း ၂၀၀၀ကျော် မှာ တိုင်းပြည်သာယာဝပြောအောင်ပြုလုပ်ခြင်း

တရုတ်ရှေး ဘုရင် ခန်းရှိး ကနေ ရုံးကျိန့် ဘုရင်ကို အာဏ လွှဲပြောင်းပေးသော
အခါ နိုင်ငံ၏ ဘဏ္ဍာတော် ၇၀၀ လျှံကျင်း မှ ၅၀၀၀ လျှံကျင်းအထိတိုးတက်ခဲ့
ဘယ်လိုကြောင့် တိုးတက်ခဲ့သလဲဆိုရင် ယံ့ကျင်း(ဖုန်းရွှေ)မှ ညွှန်ကြားထားသော
စာပိုက်တစ်ခုရှိသည်၊ ၄င်းသည် ယခုအုပ်ချုပ်နေသော ဘုရင် ခေါင်းဆောင်ကိုယ်
တိုင် ခုနှစ်စင်ကြယ် နက္ခတ် မိသော အနောက်မြောက်ဖက်ရှိ့ လယ်ထွန်း မင်္ဂလာပြုလုပ်ခြင်းဖြင့်
တိုင်းပြည်သာယာဝပြော ခြင်းဖြစ်လာသည်။

Jian Jun Oo

ယုံချင်ယုံ မယုံချင်နေ ဝိညာဉ်များအကြောင်း 5-6-7-8-9

Friday, August 12, 2011

လူကနေ ဝက်ဝင်စားသွားသောဇာတ်လမ်းတပုဒ်

တကဲ့ဖြစ်ရပ်တခု ဖြစ်သည် နေရာနှင့်နံမည်ကိုတော့မပြောတော့ပါ
ဖြစ်ရပ်ကလွန်ခဲ့သော၃နှစ်လောက်က ဝက်မွေးမြူရေခြံတွင် ဝက်တကောင်သည်
မွေးကတဲ့က ခြေထောက်တဖက်တွင် ငါးခြောင်းပါလာသည်၊ထိုဝက်ကိုအခြားဝက်များနှင့်
အတူထားပြီး ၊မကြာမှီ ဝက်သားရောင်းသူကို၊ဝက်ကိုရောင်းရန်ဈေးပြောပြီးသောအခါ၊
နောက်တစ်ရက်တွင်အခြားဝက်များတကောင်ပြီးတစ်ကောင်သေကုန်သည်၊ရောဂါဖြစ်သည်ထင်
ပြီးဆရာဝန်ခေါ်ပြရာ မည်သည့်ရောဂါမှမတွေ့ရှိရ၊ထိုခြေငါးခြောင်းရှိသောဝက်
ကိုသတ်မည့်သူလာဝယ်တိုင်း၊အခြားဝက်များသေကုန်သောအခါ၊ဝက်ခြံပိုင်ရှင်လဲ
ဘာလုပ်ရမှန်မသိတဲ့အတွက်၊ဆရာတယောက်ခေါ်ပြရာ ဆရာက ထိုဝက်ကိုမသက်
ရန်ပြောကြာသည်၊၄င်းဝက်က လူဝင်စားဖြစ်နေကြောင့် ထိုဝက်ကို သေချာပြုစုမွေးပါ
ကစီးပွားထက်နိုင်ကြောင်းပြောပြရာ၊ဝက်ခြံပိုင်ရှင်လဲထိုခြေငါးခြောင်းဝက်ကိုမရောင်း
တော့ဘဲသေချာမွေးရာ နောက်ပိုင်ဝက်ခြံပိုင်ရှင်ပိုမိုစီးပွားတက်လာကြောင်းသိရှိရသည်။

(ယခုဘဝတွင် ငါးပါးသီလနှင့်ကောင်းသောကုသိုလ်များ၊ပြုလုပ်ကြရန်တိုက်တွန်းလိုက်ပါတယ်)
Jian Jun Oo

ယုံချင်ယုံ မယုံချင်နေ ဝိညာဉ်များအကြောင်း4

Wednesday, August 10, 2011

ယုံချင်ယုံ မယုံချင်နေ ဝိညာဉ်များအကြောင်း2



ဂျပန်မှ လူငယ်ချစ်သူနှစ်ဦး အခန်းအတွင်း ချိန်းတွေ့နေရာမှ အခြားသူငယ်ချင်း တစ်ယောက်က Video ခိုးရိုက်ကူးရာမှ ဝိညာဉ်(ကျား၂ ၊မ ၁) ကိုတွေ့ရှိရသည်။

Tuesday, August 9, 2011

ယုံချင်ယုံ မယုံချင်နေ ဝိညာဉ်များအကြောင်း1



ဂျပန် မှာ ခေတ်စားနေသော ဝိညာဉ် V8 Movie ဖြင့်ရိုက်ကူးထားသော ဝိညာဉ် များ။ ထိုမိန်းကလေး သေဆုံးသွားပြီးနောက်ပိုင်း ၄င်းမိန်းကလေးကိုရိုက်ကူးထားခဲ့သော V8 Video ခွေများကို ပြန်လည်ကြည့်ရှူ့ရမှ ၄င်းတိတ်ခွေကို တွေ့ရှိခဲ့သည်။

ယံ့ကျင်းကျမ်း မှ ဆိုထားသော စကား

သမထ၊ဝိပဿနာ ၊ပုတီးစိတ်၊ဘုရားဂုဏ်တော်ရွတ်၊တရားဂုဏ်တော်ရွတ်၊
မပြုလုပ်မည် ၊
မိမိနှလုံးသာကောင်းအောင်ပြုလုပ်ပြီးပြီလား?၊
မိမိပါးစပ်မှကောင်းသောနိမိတ်စကားများပြောနေပြီလား?၊
မိမိအကျင့်သီလကောင်းသောသီလစောင့်ထိန်းနေပြီလား?၊
ထိုသုံးခုလုံးပြီးပြည့်စုံပြီဆိုမှ မိမိအားထုပ်သောတရားများရရှိမည်ဟု
ယံ့ကျင်းကျမ်း မှဆိုထားခဲ့သည်။

Jian Jun Oo

Friday, August 5, 2011

五行气功 ဝူရှင်း အတွင်းအားများရယူခြင်း

金木水火土 သတ္တု ၊ သစ် ၊ ရေ ၊ မီး ၊ မြေ ၊  ရယူနိုင်သော အတွင်းအားလေ့ကျင့်ခန်း
အမျိုးသား၊အမျိုးသမီး၊လေ့ကျင့်နိုင်သည်၊
၎င်းလေ့ကျင့်ပြီး သမထ၊ဝိပဿနာ အားထုပ်လျှင် များစွားထူခြားလာသည်။



ခါးပိုက်နှိက် သတိပြုရန်


မကြည့်ရသေးသူများအတွက်
အထူးသဖြင့်အမျိုးသမီးများ ခါးပိုက်နှိက်သတိပြုရန်တင်ပြ လိုက်ပါတယ် ။


Tuesday, August 2, 2011

ဖုန်းရွှေ ဘယ်က လာသလဲ ?




ဖုန်းရွှေ ဘယ်က လာသလဲ ?
တရုတ်ရှေးနှစ်ထောင်ပေါင်းများစွားက ပေါ်ပေါက်
ခဲ့သော (ယိ့ကျင်း) ဆိုတဲ့ ကျမ်းစာအုပ်တွင် ဗေဒေပညာ၊
ဖုန်းရွှေပညာ၊ ဟုဆိုပြီး တရုတ်လူမျိုးအချို့ယူဆခဲ့ကျသည်၊
အမှန်တကယ်မှာ ၄င်း(ယိ့ကျင်း)ကျမ်းစာအုပ်သည်၊
လူနှင့်ပတ်ဝန်းကျင်(သို့) လူနှင့်ပတ်ဝန်းကျင်ပြောင်းလဲ
ပြုပြင်နေထိုင်ခြင်းများ အကြောင်းကို အခြေခံကျကျ
ခက်ခဲနက်နည်းစွာရေးသားထားသောကျမ်းစာအုပ်ဖြစ်သည်၊
ဖုန်းရွှေနှင့် တရုတ်ဗေဒေပညာသည်လဲ(ယိ့ကျင်း)
ကျမ်းစာအုပ်မှ လာသောပညာရပ်များဖြစ်သည်။

ယိ့ ဆိုတာ ဖန်သီခြင်းဖြစ်သည်၊ (ဖန်းသီးခြင်းကျမ်းစာအုပ်ဟုခေါ်ဆိုနိုင်သည်)
ကမ္ဘာမြေကြီးနှင့်ကမ္ဘာအပြင်ဖက် အာကာသကို နားလည်သဘောပေါက်အောင်
မိမိကိုယ်ကိုနားလည်သဘောပေါက်အောင်
ယခုခေတ်ကာလ အပေါ်ဘယ်လိုနေထိုင်သွားရမလဲဆိုတာ
ထိုင်ဝမ်နိုင်ငံမှ တရုတ်စာပေ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး မစ္စတာ စိန်း က
တရုပ်ပြည် ပေကျင်းတွင် (ယိ့ကျင်း) ကျမ်းစာအုပ်အကြောင်းကို ဆွေးနွေးဟောပြောသွားခဲ့သည်။

Jian Jun Oo

Sunday, July 31, 2011

လူနှင့်ပတ်ဝန်းကျင်၊လူနှင့်ကမ္ဘာ့အပြင်ဖက်မှပတ်ဝန်းကျင်

ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ် ဟောပြော


ဆုံးမတော်မူအပ်သော ဗုဒ္ဓ၏ အဆုံးအမစကားတော်ဟူသမျှသည်… ဗုဒ္ဓဘာသာဟုခေါ်ပါသည်

၎င်းကိုအင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’s Teaching ဟုဆိုသည်.. ဗုဒ္ဓဘာသာ၏

အနက်အဓိပ္ပါယ်ကိုနားလည် သဘောပေါက်ပြီးဖြစ်ကြပေသည်၊

ဖုန်းရွှေသည် ဘာသာရေးကိုဆန့်ကျင်သောပညာရပ်မဟုတ်ပါ

လူလောကထဲရောက်လာကြသောလူမျိုးမရွေးဘာသာမရွေး လူများကို

ယခု လူနှင့်ပတ်ဝန်းကျင်၊လူနှင့်ကမ္ဘာ့အပြင်ဖက်မှပတ်ဝန်းကျင် တွေ့ကို အမြဲထိတွေ့နေရသော

ကြောင့်၊ ဖုန်းရွှေ အခေါ် 金木水火土 သတ္တု ၊ သစ် ၊ ရေ ၊ မီး ၊ မြေ ၊ ကိုလဲ အမြဲထိတွေ့နေရသော

ကြောင့် တစ်ခု ဓါတ်တစ်ခု ပြောင်းလဲသွားတိုင်း မိမိအပေါ် လာရောင်ထိတွေ့သွားသည်၊

မိမိ၌ လျော့နည်းနေသော ဓါတ်တစ်ခုကို ပြန်လည်ပြုပြင်ပြောင်းလဲပေးခြင်းသည်၊ဖုန်းရွှေ၏

သဘောများသာဖြစ်ကြောင့်တင်ပြလိုက်ပါသည်။

(မှတ်ချက်၎င်းဓါတ်ငါးပါးသည် သက်ရှိ၊သက်မဲ့အမျိုးအမည် များစွာရှိကြသည်။)

Friday, July 29, 2011

လူနှင့် သက်မဲ့ပစ္စည်းများ၊ လူနှင့် အိမ်မွေးတိရိစ္ဆာန်၊



လူနှင့် သက်မဲ့ပစ္စည်းများ၊ လူနှင့် အိမ်မွေးတိရိစ္ဆာန်၊တုံပြန်မှုများ



မိမိမွေးထားသော ခွေး၊ကြောင် အိမ်မွေးတိရိစ္ဆာန် များ တစ်ပတ်ကြာလာသောအခါသံယောစဉ်ဖြစ်လာသည်၊

မိမိအပေါ် သစ္စာရှိသော အိမ်မွေးတိရိစ္ဆာန်များဖြစ်လာသည်။

ထိုအတူ မိမိစိုက်ပျိုးထားသော သစ်ပင်သည်လဲ တစ်နှစ်ကြာလာသောအခါ သံယောစဉ်ဖြစ်လာသည်၊

သက်မဲ့ပစ္စည်းများ သည်လဲ နှစ်ပေါင်းကြာလာလေလေ မိမိအပေါ်သံယောစဉ်ဖြစ်သည်၊

မိမိအသုံးပြုသော သက်မဲ့ပစ္စည်းများ၊ကိုလဲ ပြုပြင်ခြင်း၊ရိုသေခြင်းဖြင့် ပြန်လည်အကျိုးပြုသွားသည်။

(ဓါတ်ကြီးငါးပါး၏ လည်ပတ်ခြင်းအကျိုးများဖြစ်သည်)



JianJunOo

ရှေး တရုတ်ပညာရှိ၊ဖုန်းရွှေဆရာကြီးပြောဘူးသော စကားတခွန်း

ရှေး တရုတ်ပညာရှိ၊ဖုန်းရွှေဆရာကြီးပြောဘူးသော စကားတခွန်းရှိသည်


တရုတ် ရှေးအိမ်များသည် အလယ်အိမ်တိုင်ရှိသည်၊

ထိုအလယ်အိမ်တိုင်ပျက်စီးလျှင်၊ အိမ်ထောင်ဦးစီး ပျက်စီးခြင်းနှင့်တူသည်၊

အိမ်၏ခြံ၊မြေ၊ပျက်စီးခြင်းသည်၊ အိမ်ထောင်ဦးစီး ဒုက္ခရောက်ခြင်းနှင့်တူသည်၊

မိမိ၏ ပတ်ဝန်းကျင်ရှိ သတ္တု ၊ သစ် ၊ ရေ ၊ မီး ၊ မြေ ၊ ပျက်စီးအောင်ပြုလုပ်ခြင်း၊(သို့)ပျက်စီးခြင်းသည်၊

မိမိ ပျက်စီးခြင်းနှင့်အတူတူဖြစ်သည် ဟုပြောဆိုခဲ့သည်၊

(ထိုစကားကို တရုတ်မင်းဘုရင်တစ်ပါးအားပြောကြားခဲ့သည်။)

JianJunOo

Thursday, July 28, 2011

အိန္ဒိယနိုင်ငံ ချမ်းသာသော သူဌေးကြီးက သူ၏သမက်လောင်းရွေးပွဲ

အိန္ဒိယနိုင်ငံ သတင်းစာတစ်စောင်မှ ရေးသားထားသော သတင်းတပုဒ်တွင်


အိန္ဒိယနိုင်ငံ ချမ်းသာသော သူဌေးကြီးက သူ၏သမက်လောင်းရွေးရာတွင် မေးခွန်း

တစ်ခု ထုပ်ခဲ့သည်၊ ဘဝ ဟာ ဘာလဲဆိုတဲ့ မေးခွန်းထုပ်ခဲ့သည်။

ဖြေဆိုနိုင်သော သမက်လောင်းက သတ္တု ၊ သစ် ၊ ရေ ၊ မီး ၊ မြေ ၊ ဖြစ်သည်ဟုဖြေဆိုခဲ့သည်။

 ဘဝ = 金木水火土 = သတ္တု ၊ သစ် ၊ ရေ ၊ မီး ၊ မြေ ၊ (ဓါတ်ကြီးငါးပါး)

JianJunOo

Wednesday, July 27, 2011

မိမိအိမ် အကျယ်အဝန်း နှင့် အဝင်တံခါးမကြီး သတိထားသင့်သော






အိမ်အကျယ်အဝန်း မြေကွက်ပုံစံသည် ထိုပုံစံဖြစ်နေပါက
မိမိအိမ်ထောင်ရေးအဆင်မပြေခြင်း၊ကွာရှင်းခြင်းများကြုံတွေ့နိုင်သည်၊
အလုပ်အကိုင် အခက်ခဲတွေ့နိုင်သည်၊
လေးဒေါင့်ပုံစံဖြစ်အောင်ပြန်လည်ပြုပြင်ခြင်းဖြစ်ကောင်းသောကံများပြန်လည်ရရှိနိုင်သည်၊
အရှေ့ကျယ်၊နောက်ကျဉ်းမြောင်းလေလေ ၊ပိုမိုခက်ခဲလေဖြစ်သည်။
(၄င်းပုံစံများဖြစ်သောအိမ်များသည် အိမ်ထောင်ကွဲခြင်းများနှင့်တွေ့ရသည်မှာ၉၅ရာနှုန်းဖြစ်သည်)

Monday, July 25, 2011

ကမ္ဘာ့ အကြီးဆုံး ဖုန်းရွှေ (လောဖန်)羅盤


ထိုင်ဝမ်နိုင်ငံမှာ ရှိသောအဝန်း ကမ္ဘာ့ အကြီးဆုံး ဖုန်းရွှေ (လောဖန်)羅盤
Feng Shui Lo Pan အဝန်း 197 cm ရှိသည်
တရုတ်စာလုံးပေါင်း ၁သိန်း၃သောင်း၎ထောင်းကျော် ၂နှစ်ကျော်ပြုလုပ်ခဲ့သည်။

Saturday, July 23, 2011

မလေးရှားဆောင်းပါးရှင်တယောက်ရေးထားသော စင်ကာပူ $1

THE SINGAPORE EXAMPLE
Speaking of smiles, here’s a little story to share on the Singapore $1 coin.
As many of you know,
Singaporeans have always been big believers of feng shui,
with many examples evident in its buildings,
landscaping, its mascot the Merlion, and its currency.
Recently someone pointed out that on the
Singapore $1 coin, besides the Pa-Kua shaped octagon,
there is a second feature some of you may have missed.



ထို စင်ကာပူ $1 ဝမ်းဒေါ်လာပုံသည် ဒေါင့်၈ဒေါင့်ပါရှိသည် 八卦 ပါးကွ ပုံသဏ္ဍန်ဖြစ်သည်
၁၉၉၀ခုနှစ်ဝမ်းဒေါ်လာပုံသည် ခြေင်္သေပုံသည်ဝမ်းနည်းနေသောပုံသဏ္ဍန်ဖြစ်နေသည်။
၂၀၀၈ခုနှစ် ဝမ်းဒေါ်လာပုံကိုတာ ကိုင်ဆောင်ခြင်းဖြစ်ပြုံးပျော်ရွှင်ခြင်းအရာရာအောင်မြင်ခြင်းဖြစ်သည်
မလေးရှားဆောင်းပါးရှင်တယောက်ရေးထားသော စင်ကာပူ $1 ဆောင်းပါးတပုဒ်ဖြစ်သည်။
Take a look at the coins; in 1990, the banner on the coin curved down and
this actually created a sad face. After the 1997 Asian Financial Crisis, it is
said Minister Mentor Lee Kwan Yew consulted his feng shui master,
who gave him an immediate solution – to change the curve of the banner
on the coin turning upwards, to make the coin smile! This later coin shows
the new design, featuring a happy looking Singapore coin. Interesting
that something so unobtrusive can make such a difference


၂၀၀၈ ခုနှစ်ထုပ် စင်ကာပူ ဝမ်းဒေါ်လာ ကိုကိုင်ဆောင်ကြသူများအားလုံး
ချမ်းသာပျော်ရွှေနိုင်ကြပါစေ

ဖုန်းရွှေနည်းဖြင့်မိမိအလုပ်ခန်းကိုပြုပြင်ခြင်း


ဖုန်းရွှေဖြင့် မိမိ အလုပ်ခန်းကို ဘယ်လိုပြုပြင်ရမယ်ဆို တာ အလွယ်ကူဆုံးရှင်ပြထားပါသည်
မကြည့်ရသေးသူများအတွက်တင်ပြလိုက်ပါတယ်

နေရာများကို အောက်မှာဖော်ပြထားပါတယ်

ကြီးပွားတိုးတက်ကြပါစေ

Thursday, July 21, 2011

အတူနေသောချစ်သူများ၊အိမ်ထောင်ရှိသူများအတွက် (ဖုန်းရွှေဖြင့်)

အတူနေသောချစ်သူများ၊အိမ်ထောင်ရှိသူများအတွက် (ဖုန်းရွှေဖြင့်)


တစ်ဦးနှင့်တစ်ဦး ချစ်ကြပြီး မကြာခင် မင်္ဂဆောင်ကြသည်

မင်္ဂလာဆောင်သောအချိန်၌ အခန်းဝင်ပစ္စည်းများကို ဝယ်ပြီး

ကုတင်၊ဘီဒို၊မှန်တင်ခုံ၊များထားခြင်သောနေရာထားကြသည်

များမကြာခင်မှာဘဲ တစ်ယောက်နှင့်တယောက်စကားများကြသည်(ဖုန်းရွှေဖြင့်ကြည်လျှင်ဖြစ်တတ်သောနေရာများ)

၁။ မှန်တင်ခုံနှင်မှန်ကို ကုတင်ခြေရင်တည်တည်တွင်မထားပါနှင့်(ကုတင်ခြေရင်နှင့်နဲနဲလွှဲအောင်ထားနိုင်သည်)

၂။ ကြည့်မှန် ကိုလည် ကုတင်ခြေရင်တည်တည်တွင်မထားပါနှင့်။(ကုတင်ခြေရင်နှင့်နဲနဲလွှဲအောင်ထားပါ)

၃။ မှန်၊(သို့)မှန်ပါသောပန်းချီ၊ဓါတ်ပုံများကို ကုတင်ခေါင်းရင်တည်တည်တွင်မထားပါနှင့်(ဦးခေါင်းပိုင်ဆိုင်ရာပြသာနဖြစ်တတ်သည်။

၎။ ကုတင်ခေါင်းရင်ကို ပြူတင်းပေါက်တည်တည်တွင်ထားမအိတ်ပါနှင့်(ဦးနှောက်ပိုင်းဆိုင်ရာဖြစ်တတ်သည်)

၅။ ကုတင်ခေါင်းရင် အပေါ်တွင် ထုပ်တန်းမရှိရ ၊ရှိလျှင်ကုတင်ကို ထုပ်တန်းလွပ်အောင်ထားပါ။

၆။ အိတ်ခန်းသည် အလင်း၊အမှောင်မျှသစွာ ရှိနေရမည်၊ မှောင်လင်မီးဖွင့်လျှင်မြင်ရမည်၊

(အချို့အိမ်ခန်းများမီးဖွင့်လိုက်လျှင်ဖရောင်တိုင်ထွန်းတာနှင့်တူသည်၊)ပြူတင်းပေါက်အလင်းလဲအမှောင်ချလို့ရရမည်၊

(ယင်ယန်)ဓါတ်နှစ်ခုစလုံး ညီမျှစွာ ရှိခြင်းကြောင့် ချစ်သူ၊လင်မယား၊ ချစ်ခင်မှုများ ပိုမိုရရှိနိုင်ကြောင်တင်ပြလိုက်ပါသည်

(ဖုန်းရွှေ ၏ အဓိကအချက်များလဲဖြစ်သည်)

မိမိ၏ စီးပွားရေး၊အလုပ်အကိုင်၊ဝင်ငွေနှင့်လခ၊အိမ်ထောင်ရေး၊အချစ်ရေး၊ကျန်းမားရေး။

မိမိ၏ စီးပွားရေး၊အလုပ်အကိုင်၊ဝင်ငွေနှင့်လခ၊အိမ်ထောင်ရေး၊အချစ်ရေး၊ကျန်းမားရေး၊
များအခက်ခဲဖြစ်တွေ့ကြုံနေရာလျှင်၊ဖုန်းရွှေနည်းဖြင့် မိမိနေသောအိမ်၊အခန်းများကို
သေချာစစ်ဆေးပြီး နေရာတကျပြန်လည်စီစဉ်ပါက အခက်ခဲများကိုဖြည်ရှင်းပေး
နိုင်ပါသည်။ နေရာများအထားမှားနေခြင်းများတွေ့ပါက ဖယ်ရှားခြင်းပြုလုပ်လိုက်ပါက
အားလုံးကောင်းမွန်သော အခြေနေသို့ပြန်လည်ရရှိနိုင်ပါကြောင့် တင်ပြလိုက်ပါသည်။

အခက်ခဲမရှိ ကျော်လွှားနိုင်ကြပါစေ။ ။

Wednesday, July 20, 2011

အိမ်ပြောင်းရွေ့သူများအတွက်


အိမ်ပြောင်းရွေ့သူများအတွက်
အိမ်ပြောင်းသူများ ပထမ ဦးဆုံးပြုလုပ်သင်သည်မှာ
ဆံထုပ်တစ်တုတ် အသစ်ဝယ်ယူပြီး အမ်ပေါင်းအိပ်ဖြင့်ငွေ၂၀၀ထဲ၊
မုန်လာဥဖြူနှစ်ခုဝယ်ပြီး ၄င်းမုန်လာဥပေါ်တွင် စက္ကူအနီပတ်ထားပါ၊
အိမ်ကို ပထမဆုံး ပြုလုပ်ထားတဲ၎င်းဆံတစ်တုတ် နှင့်မှန်လာဥနှစ်ခု
ကိုကိုင်ယူပြီး မိမိပြောင်းရွေ့မည့်အိမ်က ရက်ကောင်းရွေးပြီး အိမ်အတွင်း
သို့ဝင်ပါ ၄င်း ဆံနှင့်မုန်လာဥကို မီးဖိုချောင်တွင် နေရာတကျထားခြင်းဖြင့်
တရုတ်လို့(ချိုက်ထို)စီးပွား၊စည်းစိမ်၊ဒေါက်လျှောက်ဝင်ခြင်းအဓိပါယ်ဖြစ်ပါသည်

အိမ်ပြောင်းသူများ
အားလုံး ကြီးပွားချမ်းသာကျပါစေ

Tuesday, July 19, 2011

ဖုန်းရွှေနည်းဖြင့်အမျိုးသမီးများလဒ်ပွင့်ကံပွင့်နည်း


ဖုန်းရွှေနည်းဖြင့်အမျိုးသမီးများလဒ်ပွင့်ကံပွင့်နည်း

crystal colors အရောင်ဖန်ကျောက်ကလေးများကို ဝယ်ယူပြီး လက်ကောက်ပြုလုပ်ပြီးဝတ်ထားနိုင်သည်
၎င်းဝယ်ယူရာတွင် ဖုန်းရွှေနည်းဖြင့် အရောင်ကို 木火土金水 စိမ်း နီ ဝါ ဖြူ ပြာ ၊အရောင်ဖြစ်သည်
ထိုအရောင်အစဉ်အတိုင်းပြုလုပ်ပြီးဝတ်ထားပါ အမျိုးသမီးများကိုယ်တိုင်ပြုလုပ်လျှင်သတိပြုရန်မှာ
လလယ် ၁၅မှ၂၀ရက်အတွင်း၌သာပြုလုပ်ပြီးမွေးနေတွင်ဝတ်နိုင်ပါသည်။

အားလုံးဘဲလဒ်ပွင့်ကံပွင်နိုင်ကျပါစေ။ ။

ဖုန်းရွှေ 风水 Feng Shui 1-5


၇။ ခြင်္သေ့ရုပ် ။ ။လူတော်တော်များများသည် ခြင်္သေ့ရုပ်တွေကို ဝယ်ပြီး စားပွဲပေါ်ဒီတိုင်းတင်
ထားလေ့ရှိကျသည် ၊ ၄င်းကိုဒီတိုင်းတင်ထားလျှင် အကျိုးမရှိပါ၊ရွှေရောင်ဖြစ်သော်ကြောင့်
ထိုအရုပ်၏ ရောင်ပြန်ဟတ်မှုသည် လူကိုဒေါသဖြစ်စေသည်၊ထိုကြောင့် ၄င်းအရုပ်ကို
၇နှစ်ရောင်ကြိုးဖြင့်လည်ပင်းကိုချည်ထားခြင်းဖြင့် ၄င်းအရုပ်အသုံးပြုလိုရပြီ၊
ဒါမှမဟုတ် လည်ပတ်အနီရောင်ကိုပတ်ထားပေးလိုက်လျှင်ရပါပြီ၊ထိုသို့ပြုလုပ်ခြင်းဖြင့်
ယန်းယန်ပြုလုပ်သည်ဖြစ်သည်၊ကြိုးမပတ်ထားပါကယန်းဓါတ်တွေများပြီးစိတ်ဒေါသတွေ
ပိုထွက်သွားနိုင်သည်။ နေရာအထားမှားလျှင်လဲ အကျိုးသက်ရောက်မှုမရှိပါ၊
အနုပညာအလှရုပ်ထားခြင်းနှင့်တူသွားပါသည်။
၈။ crystal ခေါ် သလင်းကျောက်တုံးဂူ ပုံဏ္ဍန်ရှိသော ကျောက်တုံးကို နေရာမှန်ထားခြင်းဖြစ်
စီးပွားဝင်ငွေတိုးပွားနိုင်သည်သို့သော် ကလေးသူငယ်များရှိသူများအတွက်အန္တရယ်ဖြစ်နိုင်သည်၊
၉။ တရုတ်ရှေးဟောင်းငွေဒါးဂါးပြား ။အလယ်တွင်အပေါက်ပါသောငွေဒါးဂါးပြားကိုဆိုလိုသည်၊
ငွေဒါးဂါးပြားများသည်မြေအောက်တွင်ထားတာကြာသောကြောင့်ယင်ဓါတ်များပြားစွာစွဲကပ်နေ
တတ်သည်၊အရက်ပြန်ဖြင့်အရင်ဆေးကျော်ခြင်းရှာလကာရည်ဖြင့်ဆေးကျော်လိုက်ပါ၊အဲဒါမှ
၎င်းငွေဒါးဂါးပေါ်ကပ်ပါနေသောမကောင်းသောချိတွေကင်းစင်သွားပါသည်၊ကောင်းသောနိမိတ်ပါသော
တရုတ်စာလုံးကို ရွေးချယ်ပါ။
၁၀။ Crystal ball လို့ခေါ်တဲ့ဖန်ဓါတ်လုံး၊သလင်းကျောက်ဖန်လုံး၊ကိုဆိုလိုသည်၊၄င်းသည်အကောင်းဆုံးဖြစ်သည်။
၁၁။ ကြွေထည် ပန်းအိုး၊ပုဂံပြားများဖြစ်သည်၊ ဥရောပ အချိုအိမ်များသည် ပုဂံများအလှတောင်ထားလေ့ရှိသည်၊
ဝန်းဝိုင်းသောတရုတ်ပန်းအိုးကြီးများကို အသုံးပြုခြင်းဖြင့် ဝင်ငွေများစုဆောင်းနိုင်သည်၊
ပန်းအိုးပေါ်တွင်ရှိသောတောတောင်ပန်းချီး၊ပန်းပုံများသည်လဲအကျိုးသက်ရောက်သည်၊
video တွင်ပြထားသော ငါးကန်သည် မြေကြီး土၊ အလယ်က ငွေဒါးဂါး Crystal ballရေပန်းအိုးသည် ရွှေ 金 ၊
ဘယ်ဖက်သုံးဆင့်ရေတံခွန်သည် သစ်သား 木 ဖြစ်သည်။ အဝိုင်းပုံသဏ္ဍန်သည် အကောင်းဆုံးဖြစ်သည်
(အလယ်က ပုံသဏ္ဍန်သည်အကောင်းဆုံးဖြစ်သည်)

Monday, July 18, 2011

ဖုန်းရွှေ 风水 Feng Shui 1-4


၆။အိမ်၏အလင်းရောင်သန့်ရှင်းသပ်ရပ်မှုများ။ဧည့်ခန်း၏အလင်းရောင်မကောင်းခြင်း၊
စာဖတ်ခန်းအလင်းရောင်းမကောင်းခြင်း၊အလုပ်စားပွဲရှိသောအခန်းအလင်းရောင်မကောင်း
ခြင်များကြောင့်နတ်ကောင်းနတ်မြတ်များ၊လပ်ကောင်းလပ်ကီးများအိမ်အတွင်းသို့မဝင်တော့ပေ၊
ထို့ကြောင့်အလင်းရောင်နှင့်အိမ်ခန်းများသန့်ရှင်သပ်ရပ်မှုကြောင့်၊စိတ်ကျန်းမာခြင်း၊
လူကျန်းမားခြင်းကြောင့်အလုပ်အကိုင်တွင်လဲအားလုံးအဆင်ပြေနိုင်သည်။
အခန်း၏အလင်းရောင်ကိုမီးအလင်း ဖြင့်ဖြည်ရှင်းနိုင်သည်။

နောက်ဖုန်းရွှေကိုယုံကြည်သူများသည် မိမိ၏ စည်းစိမ်လဒ်လာဘနေရာကိုသိချင်ကျသည်
မိမိအိမ်၏ဘယ်နေရာသည်စီးပွားလဒ်လာဘရရှိနိုင်သောနေရာသိလျှင်၎င်းနေရာတွင်ဖုန်းရွှေပညာဖြင့်
ပြုလုပ်ထားသောသစ်သားဖြင့်လုပ်ထားသောရေပန်းများ၊ကြေးဖြင့်ပြုလုပ်ထားသောဖန်လုံးရေပန်းများ
ငါးကန်များကိုအသုံးပြုခြင်းဖြင့်မိမိ၏စီးပွားလဒ်လာဘများများဝင်နိုင် အောင်ပြုလုပ်နိုင်သည်၊
သို့သော်နေရာမှားပါကရရှိသောငွေများမစုဆောင်းမိဘဲ ပြန်လည်ထွက်သွားတတ်သည်။
နေရာသိရန် အဓိကလိုအပ်သည်။အချိုရေပန်းပုံစံများသည်ဒီဇိုင်းဆန်းသည်သို့သော်
အခေါင်းပုံစံများဖြစ်နေလျှင်မကောင်းပါ၊အဝိုင်းပုံစံများ၊အချိုရှေးရှေးကငွေဒဂါးပုံစံဖြင့်ပြုလုပ်ပြီး
ရေပန်းပေါ်တွင်ဖန်းလုံးများထဲထားသောရေပန်းသည်အကောင်းဆုံးရေပန်းအိုးဖြစ် သည်။
videoတွင် အလည်ကပုံစံသည် အကောင်းဆုံးဖြစ်သည်။ဖန်လုံးသည်အိမ်အတွင်းဖက်သို့လည်နေရမည်။
တရုတ်ပြည် ရှေးနှစ်ပေါင်းများစွာက၄င်းနည်းကိုအသုံးပြုသောဖုန်းရွှေအဆောင်များသည်အမျိုးမျိုးရှိသည်၊
ကြေးဖြင့်ပြုလုပ်ထားသောရေလန်ပန်း၊၄င်းရေလန်ပန်းပေါ်တွင်လင်းနို့ပုံသဏ္ဍန်၉ခုပါရှိသည်၊ပြီးလျှင်
၎င်းဘေးတွင်တရုတ်စာဖြင့်ဟူလူစုပ်ဆိုတဲ့တရုတ်စာလုံးထွင်းထားသည် တရုတ်မင်းချောင်ခေတ်တွင်
အသုံးပြုခဲ့သည်၊၄င်းကြေးလန်ပန်းသည်အလေးချိန်၄၅ကီလိုရှိသည်၊ရှေးဟောင်း လေလံပစ်ပွဲတခုတွင်
သိန်း၈၀၀ယန်းဖြင့်လေလံတင်ရောင်းချခဲ့ဘူးသည်။ထိုပစ္စည်းများအထားမှားခဲ့လျှင်အနုပညာရှေးဟောင်း
ပစ္စည်းအဖြစ်သို့ရောက်သွားသည်။(စီးပွားလဒ်လာဘ နေရာရှာနည်းကိုနောက်ပိုင်းတွင်ဖေါ်ပြပါမည်)

ဖုန်းရွှေ 风水 Feng Shui 1-3


မိမိ၏အိမ်ကို ဘယ်လိုမကောင်းတဲ့ဖုန်းရွှေဓါတ်တွေလီးဖြတ်ခြင်းရှိသလဲဆိုတာသိထားသင့်သည်၊
မိမိ၏အလုပ်အကိုင်ကို အားကျိုးမှန်တက် လုပ်ပြီး ဘယ်လိုမှတိုးတက်ခြင်းမရှိပါက၊ဖုန်းရွေမှာပြသနာဖြစ်နေတတ်သည်၊
အရင်ဆုံးကျနော်တို့ လေ့လာရမှာကတော့ စီပွားပျက်ကိန်းကျရောက်မည့် ဖုန်းရွှေကို အရင်သိသင့်သည်၊
ဘယ်လိုအိမ်မျိုးသည် မိမိစီပွားကို ပျက်စီးနိုင်သလဲဆိုတာ သိထားသင့်သည်၊ဒါမှ ကိုယ်ဝယ်သောအိမ်
(သို့)ငှါးသောအိမ်များကိုရှောင်ရှားနိုင်မည်ဖြစ်သည်၊
၁။မြေအောက်ကားပတ်ကင်အဝင်အထွက် ရှိသော အဝင်ပေါက်အရှေ့တွင်ဖက်တွင် ရှိသော အိမ်များသတိထားသင့်သည်၊
အကြီးမားဆုံးမိမိဝင်ငွေများထွက်သွားသည်၊ မိမိစီးပွား၊ကုမဏီများပျက်စီးနိုင်သည်၊အလုပ်မမြဲ၊ဝင်ငွေမမြဲ၊တဖြည်းဖြည်း
ဝင်ငွေများလျော့နည်းလာသည်၊အိမ်ထောင်ရေးတဖြည်းဖြည်းညံလာသည်၊ကျန်းမားရေးပါ တဖြည်းဖြည်းကျဆင်းလာပါသည်။
(မှတ်ချက်၊ မြေအောက်ကားပတ်ကင်ရှေ့မှာအပေါ်တွင်ခုံသောအမိုးရှိနေပါက ကျားပါစပ်ပုံစံဖြစ်ခြင်းကြောင့်၊ပိုမိုဆိုးဝါးနိုင်သည်၊)

၂။မိမိအိမ်တံခါးမကြီး အတွင်းဖွင့်အိမ်နောက်ဖေးတံခါးအပြင်ဖွင့်ဖြစ်ရမည်။ ။အိမ်တံခါးမကြီးအပြင်ဖွင့်ဖြစ်နေပါက မကောင်းပါ၊မိမိအိမ်အတွင်း
မှဝင်လာမည့်ဝင်ငွေများမရရှိနိုင်ပါ၊

၃။မိမိအိမ်တံခါးမကြီးသည် နောက်ဖေးတံခါးနှင့်တည်တည်ဖြစ်ခြင်း၊စင်းကျမ်လမ်းမသည် အိမ်းတံခါးနှင့်အိမ်နောက်ဖေးတံခါးတည်တည်ဖြစ်ခြင်သည် မကောင်ပါ၊
မိမိအိမ်အတွင်းမှ စုဆောင်းထားသောရွှေငွေပစည်းများပိုထွက်တတ်သည်၊ငွေမစုမိခြင်း၊ရှိသမျှ ရသမျှဝင်ငွေများထွက်သွားသည်၊

၎။အိမ်တံခါးမကြီးအထွက်တွင် လှေခါးအဆင်းဖြစ်နေလျှင်။ မိမိစုဆောင်းထားသောငွေများ ကုန်းဆင်လှေခါးနှင့်တခါထဲပါသွားလေသည်၊
အသမျှဧည်သည်ပြန်သွားတိုင် အကုန်ယူသွားတာနှင့်တူသည်။

၅။ မိမိအလုပ်စားပွဲ ၊မိမိ အိတ်ယာခေါင်းရင် တွင် ထုတ်တမ်း၊ရှိလျှင် လေသည် ၄င်းထုပ်တမ်းကို တိုက်ပြီးပြန်ဆင်းလာသောလေကြောင့်
မိမိခေါင်းကိုတိုက်ရိုက် ရိုက်ခက်သောကြောင့် ဦးခေါင်းမကြည်လင်ခြင်း၊ဦးနှောက်သွေးလည်ပတ်မှုမမှန်ကန်ခြင်းကြောင့်၊စိတ်ပိုင်းဆိုင်
ရာများဖြစ်တတ်သည်၊များစွားသတိထားသင့်သည်၊ကုတင်ကို ထုပ်တမ်းလွတ်အောင်ပြောင်းရွေ့ပါ၊ အလုပ်စားပွဲကိုလဲထုပ်တမ်းလွတ်
အောင်းပြောင်းရွေ့လိုက်ပါ။

ဖုန်းရွှေ 风水 Feng Shui 1-2


ဖုန်းရွှေ ဟာ အခြေခံသဘောတရားအရရှေးနှစ်ပေါင်းများစွားကနည်းပညာသည်
ပတ်ဝန်းကျင်သဘာဝနှင့်အတူတူပါဘဲ တောင်တန်းတွေရဲ့အနိမ့်အမြင့်၊ သစ်ပင်တွေရဲ့အနိမ့်အမြင့်၊
ပင်လင်မြစ်ချောင်းတွေရဲ့အကွေးအကောက်၊ရေတံခွန်တွေရဲ့အနိမ့်အမြင့်ရေစီးအားတွေ၊
အားလုံးပတ်သက်နေပါတယ်၊
ကောင်းတဲ့ဖုန်းရွှေကို ဘယ်လိုရှာမလဲ အိမ်တအိမ်ရဲ့ကောင်းသောသဘာဝပတ်ဝန်းကျင်တည်ရှိမှု
အပေါ်မှုတည်ထိုကြောင့်မိမိအိမ်အတွင်းတွင်လဲကောင်းသော ဖုန်းရွှေ နည်းဖြင့်ထားရှိသောဖုန်းရွှေ
အသုံးဆောင်များကိုနေရာတကျထားရှိခြင်းဖြင့် အိမ်အတွင်းမှာနေထိုင်သော အိမ်ထောင်ဦးစီးနှင့်
မိသားစုကျန်းမာပျော်ရွှင်ပြီးစီးပွားလပ်လာဘတိုးတက်ကြီးပွားနိုင်ပါသည်၊
အိမ်အတွင်းတွင် ရေကျနေသော အလှတင်ထားနိုင်တဲ့ပန်းအိုးများ၊ဖုန်းရွှေပညာဖြင့်ပြုလုပ်ထားသော
ရေပန်းအိုးများကိုနေရာတကျထားနိုင်ခြင်းဖြင့် စီးပွားဝင်ငွေများတိုးတက်ကြီးပွားနိုင်ပါတယ်၊အထား
အသို နေရာမှားပြီးထားမိပါကမိမိ၏ငွေကြေးများ မကုန်သင့်ဘဲ ကုန်သွားနိုင်သည်၊ထိုကြောင့်နေရာ
အထားမမှားမိဖို့အရေးကြီးကြောင့်ရှင်းလင်ထားပါတယ်။

ဖုန်းရွှေ 风水 Feng Shui 1-1



နိုင်ငံအသီးသီးရောက်ရှိနေကျသော သူတွေအတွက် ကိုယ်ဟာကို DIY ဖြင့်သီထွင်ပြုလုပ်နိုင်ပါတယ်
ကိုယ့်အိမ်ခန်း (သို့) နေအိမ် ကို ဖုန်းရွှေ ပညာဖြင့် မပြုလုပ်ဘဲ အလုပ်အကိုင်ကို ကြိုးစားပန်းစား
ခွန်အားတွေသုံးပြီး ကြိုးစားသော်လဲ ဖုန်းရွှေပညာဖြင့်ပြုလုပ်ပြီး အကျိုးပြသက်ရောက်မှု တွေထူးခြား
နိုင်ကြောင်ရှင်းလင်းထားပါတယ်၊ ကံပွင့်အောင် ဖွင့်ပေးရပါမယ်၊ဒါမှ ကိုယ်ကျိုးစားသမျှ အောင်မြင်
နိုင်မည်ဖြစ်သည်၊

ဖုန်းရွှေ ပညာ ဖြင့်သင်၏ စီးပွားရေးကို

ယခု video 1-1 က အနီးစပ်ဆုံးဘာသာပြန်ပေးလိုက်ပါ တယ်
မကြည့်ရသေးသူများ လေ့လာနိုင်ပါတယ် အကြံပေးနိုင်ပါတယ်။
တရုတ်လိုနားမလည်သူများအတွက်ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်၊

၂၀၁၁ခုနှစ်မှာ အလုပ်အကိုင်၊စီးပွာဝင်ငွေ ဘယ်လိုတိုးအောင်ပြုလုပ်မလဲဆိုတာ
အလုပ်အကိုင်ရဲ့ဖိစီးမှု၊အလုပ်အကိုင်ကို ကြိုးစားပြီးပြုလုပ်၊ကိုယ်ပိုင်ပြုလုပ်လို့ရတဲ့
ဖုန်းဆွေတွေရှိပါတယ်၊အခါတလေ ဘယ်လိုဘဲအလုပ်အကိုင်ကိုကြိုးစားပြီးပြုလုပ်
ပေမဲ့၊ကိုယ်က ငွေကိုလိုက်လေ ဝေးလေဖြစ်နေတတ်သည်၊ကောင်းသောကံတွေ
ပါကြောင့်ကိုယ်နဲ့မလိုက်လာရတာလဲလို့ မေးခြင်ကြသည်၊ဘယ်နေရာက ဘာ
ပြသနာတွေရှိနေသလဲမသိရပါ၊ဒီကနေ ဘယ်လိုပြုလုပ်မလဲဆိုတာ ဖုန်းရွှေရဲ့
အထားအသို လေးတွေကိုတင်ပြသွားပါမယ်။
နိုင်ငံအသီးသီးရောက်ရှိနေကျသော သူတွေအတွက် ကိုယ်ဟာကို DIY ဖြင့်သီထွင်
ပြုလုပ်နိုင်ပါတယ် ကိုယ့်အိမ်ခန်း (သို့) နေအိမ် ကို ဖုန်းရွှေ ပညာဖြင့် မပြုလုပ်ဘဲ
အလုပ်အကိုင်ကို ကြိုးစားပန်းစားခွန်အားတွေသုံးပြီး ကြိုးစားသော်လဲ ဖုန်းရွှေပညာ
ဖြင့်ပြုလုပ်ပြီး အကျိုးပြသက်ရောက်မှု တွေထူးခြားနိုင်ကြောင်ရှင်းလင်းထားပါတယ်၊
ကံပွင့်အောင် ဖွင့်ပေးရပါမယ်၊ဒါမှ ကိုယ်ကျိုးစားသမျှ အောင်မြင်နိုင်မည်ဖြစ်သည်၊
ဖုန်းရွှေပညာဟာ နေရာအထားအသို ဟာအရေးအကြီးဆုံးဖြစ်သည်
ဘယ်နေရာက စီးပွားရေးဝင်ငွေ၊ဘယ်နေရာကပညာရေး၊ဘယ်နေရက
အချစ်အိမ်ထောင်ရေး၊ဘယ်နေရာကကျန်းမားရေးဆိုပြီး နေရာတွေကိုရွေး
ချယ်ပြီး ဖုန်းရွှေပညာဖြင့်အထားအသိုလေးတွေပြုလုပ်သွားရပါမယ်၊
ဘယ်လိုပြုလုပ်ရမလဲဆိုရင်
၁။ အိမ်အတွင်း ၏ ဧည့်ခန်းတွင် အစိမ်းရောက်များနေခြင်း၊ အာလုံးအစိမ်းရောင်ဖြစ်နေလျှင်အစိမ်းရောင်ပေါ်ကျရောက်
အလင်းရောင်ကို လူကိုစိတ်ဒေါသ ထွက်စေသည်။

၂။ ဧည့်ခန်းကျမ်းခင်း ၊သို့၊ နံရံ၊ သစ်သားအရောင်ဖြစ်လျှင် ၊ စဉ်းစားဥာဏ် တည်ငြမ်ခြင်းဖြစ်သည်။

၃။ ဧည့်ခန်းတွင် အကောင်အရုပ်များကို အမြင့်တွင်(သို့)ဘုရာစင်ပေါ်တွင် ၊မထားရ၊နံမည်ကြီးထမင်းငတ်၊ အနိမ့်ပိုင်းထားမှ ဝင်ငွေကောင်းသည်။

风水 Feng Shui

Feng Shui ဖုန်းရွှေ(ဖုန်းဆွေ)နှင့်ပက်သက်ပြီး ပို့လေးတွေ့တင်သွားပါမယ်
တင်ထားတဲ့ video က ဖုန်းဆွေ ဘယ်လိုအသုံးပြုပြီး မကောင်းတဲ့ကံတွေကို
ဘယ်လိုဖယ်ရှားတာလဲဆိုတာ ပြထားပါတယ်
ပို့ကိုဆက်လျှက်ရေးသွားပါအုံးမယ်

တရုတ်လို နားမလည်သူများအတွက် တင်ပြလိုက်ပါတယ်
တချိုကြည့်ပြီးသူများလည်းဖြစ်နေပါလိမ့်မယ် နားမလည်သူများအတွက် ပို့တင်လိုက်ပါတယ်၊

အိမ်အတွင်း ၏ ဧည့်ခန်းတွင် အစိမ်းရောက်များနေခြင်း၊ အာလုံးအစိမ်းရောင်ဖြစ်နေလျှင်အစိမ်းရောင်ပေါ်ကျရောက်
အလင်းရောင်ကို လူကိုစိတ်ဒေါသ ထွက်စေသည်။
ကိုယ်ပြောတဲ့ စကား ကိုယ့်ကိုယ်ဘဲ ပြန်ပြီးအကျိုးပြုပါလိမ့်မယ်
မကောင်းတဲ့စကားများများပြောသူဟာ ထိုသူ၏စိတ်သည် မကောင်းသောကံများကျရောက်စေပါတယ်
နံမည်ကလဲ အရေးကြီးပါတယ် နံမည်ရဲ့အသံထွက်ဟာ ကိုယ့်ကိုပြန်အကျိုးပြုပါလိမ့်မယ်