Monday, July 18, 2011

ဖုန်းရွှေ 风水 Feng Shui 1-4


၆။အိမ်၏အလင်းရောင်သန့်ရှင်းသပ်ရပ်မှုများ။ဧည့်ခန်း၏အလင်းရောင်မကောင်းခြင်း၊
စာဖတ်ခန်းအလင်းရောင်းမကောင်းခြင်း၊အလုပ်စားပွဲရှိသောအခန်းအလင်းရောင်မကောင်း
ခြင်များကြောင့်နတ်ကောင်းနတ်မြတ်များ၊လပ်ကောင်းလပ်ကီးများအိမ်အတွင်းသို့မဝင်တော့ပေ၊
ထို့ကြောင့်အလင်းရောင်နှင့်အိမ်ခန်းများသန့်ရှင်သပ်ရပ်မှုကြောင့်၊စိတ်ကျန်းမာခြင်း၊
လူကျန်းမားခြင်းကြောင့်အလုပ်အကိုင်တွင်လဲအားလုံးအဆင်ပြေနိုင်သည်။
အခန်း၏အလင်းရောင်ကိုမီးအလင်း ဖြင့်ဖြည်ရှင်းနိုင်သည်။

နောက်ဖုန်းရွှေကိုယုံကြည်သူများသည် မိမိ၏ စည်းစိမ်လဒ်လာဘနေရာကိုသိချင်ကျသည်
မိမိအိမ်၏ဘယ်နေရာသည်စီးပွားလဒ်လာဘရရှိနိုင်သောနေရာသိလျှင်၎င်းနေရာတွင်ဖုန်းရွှေပညာဖြင့်
ပြုလုပ်ထားသောသစ်သားဖြင့်လုပ်ထားသောရေပန်းများ၊ကြေးဖြင့်ပြုလုပ်ထားသောဖန်လုံးရေပန်းများ
ငါးကန်များကိုအသုံးပြုခြင်းဖြင့်မိမိ၏စီးပွားလဒ်လာဘများများဝင်နိုင် အောင်ပြုလုပ်နိုင်သည်၊
သို့သော်နေရာမှားပါကရရှိသောငွေများမစုဆောင်းမိဘဲ ပြန်လည်ထွက်သွားတတ်သည်။
နေရာသိရန် အဓိကလိုအပ်သည်။အချိုရေပန်းပုံစံများသည်ဒီဇိုင်းဆန်းသည်သို့သော်
အခေါင်းပုံစံများဖြစ်နေလျှင်မကောင်းပါ၊အဝိုင်းပုံစံများ၊အချိုရှေးရှေးကငွေဒဂါးပုံစံဖြင့်ပြုလုပ်ပြီး
ရေပန်းပေါ်တွင်ဖန်းလုံးများထဲထားသောရေပန်းသည်အကောင်းဆုံးရေပန်းအိုးဖြစ် သည်။
videoတွင် အလည်ကပုံစံသည် အကောင်းဆုံးဖြစ်သည်။ဖန်လုံးသည်အိမ်အတွင်းဖက်သို့လည်နေရမည်။
တရုတ်ပြည် ရှေးနှစ်ပေါင်းများစွာက၄င်းနည်းကိုအသုံးပြုသောဖုန်းရွှေအဆောင်များသည်အမျိုးမျိုးရှိသည်၊
ကြေးဖြင့်ပြုလုပ်ထားသောရေလန်ပန်း၊၄င်းရေလန်ပန်းပေါ်တွင်လင်းနို့ပုံသဏ္ဍန်၉ခုပါရှိသည်၊ပြီးလျှင်
၎င်းဘေးတွင်တရုတ်စာဖြင့်ဟူလူစုပ်ဆိုတဲ့တရုတ်စာလုံးထွင်းထားသည် တရုတ်မင်းချောင်ခေတ်တွင်
အသုံးပြုခဲ့သည်၊၄င်းကြေးလန်ပန်းသည်အလေးချိန်၄၅ကီလိုရှိသည်၊ရှေးဟောင်း လေလံပစ်ပွဲတခုတွင်
သိန်း၈၀၀ယန်းဖြင့်လေလံတင်ရောင်းချခဲ့ဘူးသည်။ထိုပစ္စည်းများအထားမှားခဲ့လျှင်အနုပညာရှေးဟောင်း
ပစ္စည်းအဖြစ်သို့ရောက်သွားသည်။(စီးပွားလဒ်လာဘ နေရာရှာနည်းကိုနောက်ပိုင်းတွင်ဖေါ်ပြပါမည်)

ဖုန်းရွှေ 风水 Feng Shui 1-3


မိမိ၏အိမ်ကို ဘယ်လိုမကောင်းတဲ့ဖုန်းရွှေဓါတ်တွေလီးဖြတ်ခြင်းရှိသလဲဆိုတာသိထားသင့်သည်၊
မိမိ၏အလုပ်အကိုင်ကို အားကျိုးမှန်တက် လုပ်ပြီး ဘယ်လိုမှတိုးတက်ခြင်းမရှိပါက၊ဖုန်းရွေမှာပြသနာဖြစ်နေတတ်သည်၊
အရင်ဆုံးကျနော်တို့ လေ့လာရမှာကတော့ စီပွားပျက်ကိန်းကျရောက်မည့် ဖုန်းရွှေကို အရင်သိသင့်သည်၊
ဘယ်လိုအိမ်မျိုးသည် မိမိစီပွားကို ပျက်စီးနိုင်သလဲဆိုတာ သိထားသင့်သည်၊ဒါမှ ကိုယ်ဝယ်သောအိမ်
(သို့)ငှါးသောအိမ်များကိုရှောင်ရှားနိုင်မည်ဖြစ်သည်၊
၁။မြေအောက်ကားပတ်ကင်အဝင်အထွက် ရှိသော အဝင်ပေါက်အရှေ့တွင်ဖက်တွင် ရှိသော အိမ်များသတိထားသင့်သည်၊
အကြီးမားဆုံးမိမိဝင်ငွေများထွက်သွားသည်၊ မိမိစီးပွား၊ကုမဏီများပျက်စီးနိုင်သည်၊အလုပ်မမြဲ၊ဝင်ငွေမမြဲ၊တဖြည်းဖြည်း
ဝင်ငွေများလျော့နည်းလာသည်၊အိမ်ထောင်ရေးတဖြည်းဖြည်းညံလာသည်၊ကျန်းမားရေးပါ တဖြည်းဖြည်းကျဆင်းလာပါသည်။
(မှတ်ချက်၊ မြေအောက်ကားပတ်ကင်ရှေ့မှာအပေါ်တွင်ခုံသောအမိုးရှိနေပါက ကျားပါစပ်ပုံစံဖြစ်ခြင်းကြောင့်၊ပိုမိုဆိုးဝါးနိုင်သည်၊)

၂။မိမိအိမ်တံခါးမကြီး အတွင်းဖွင့်အိမ်နောက်ဖေးတံခါးအပြင်ဖွင့်ဖြစ်ရမည်။ ။အိမ်တံခါးမကြီးအပြင်ဖွင့်ဖြစ်နေပါက မကောင်းပါ၊မိမိအိမ်အတွင်း
မှဝင်လာမည့်ဝင်ငွေများမရရှိနိုင်ပါ၊

၃။မိမိအိမ်တံခါးမကြီးသည် နောက်ဖေးတံခါးနှင့်တည်တည်ဖြစ်ခြင်း၊စင်းကျမ်လမ်းမသည် အိမ်းတံခါးနှင့်အိမ်နောက်ဖေးတံခါးတည်တည်ဖြစ်ခြင်သည် မကောင်ပါ၊
မိမိအိမ်အတွင်းမှ စုဆောင်းထားသောရွှေငွေပစည်းများပိုထွက်တတ်သည်၊ငွေမစုမိခြင်း၊ရှိသမျှ ရသမျှဝင်ငွေများထွက်သွားသည်၊

၎။အိမ်တံခါးမကြီးအထွက်တွင် လှေခါးအဆင်းဖြစ်နေလျှင်။ မိမိစုဆောင်းထားသောငွေများ ကုန်းဆင်လှေခါးနှင့်တခါထဲပါသွားလေသည်၊
အသမျှဧည်သည်ပြန်သွားတိုင် အကုန်ယူသွားတာနှင့်တူသည်။

၅။ မိမိအလုပ်စားပွဲ ၊မိမိ အိတ်ယာခေါင်းရင် တွင် ထုတ်တမ်း၊ရှိလျှင် လေသည် ၄င်းထုပ်တမ်းကို တိုက်ပြီးပြန်ဆင်းလာသောလေကြောင့်
မိမိခေါင်းကိုတိုက်ရိုက် ရိုက်ခက်သောကြောင့် ဦးခေါင်းမကြည်လင်ခြင်း၊ဦးနှောက်သွေးလည်ပတ်မှုမမှန်ကန်ခြင်းကြောင့်၊စိတ်ပိုင်းဆိုင်
ရာများဖြစ်တတ်သည်၊များစွားသတိထားသင့်သည်၊ကုတင်ကို ထုပ်တမ်းလွတ်အောင်ပြောင်းရွေ့ပါ၊ အလုပ်စားပွဲကိုလဲထုပ်တမ်းလွတ်
အောင်းပြောင်းရွေ့လိုက်ပါ။

ဖုန်းရွှေ 风水 Feng Shui 1-2


ဖုန်းရွှေ ဟာ အခြေခံသဘောတရားအရရှေးနှစ်ပေါင်းများစွားကနည်းပညာသည်
ပတ်ဝန်းကျင်သဘာဝနှင့်အတူတူပါဘဲ တောင်တန်းတွေရဲ့အနိမ့်အမြင့်၊ သစ်ပင်တွေရဲ့အနိမ့်အမြင့်၊
ပင်လင်မြစ်ချောင်းတွေရဲ့အကွေးအကောက်၊ရေတံခွန်တွေရဲ့အနိမ့်အမြင့်ရေစီးအားတွေ၊
အားလုံးပတ်သက်နေပါတယ်၊
ကောင်းတဲ့ဖုန်းရွှေကို ဘယ်လိုရှာမလဲ အိမ်တအိမ်ရဲ့ကောင်းသောသဘာဝပတ်ဝန်းကျင်တည်ရှိမှု
အပေါ်မှုတည်ထိုကြောင့်မိမိအိမ်အတွင်းတွင်လဲကောင်းသော ဖုန်းရွှေ နည်းဖြင့်ထားရှိသောဖုန်းရွှေ
အသုံးဆောင်များကိုနေရာတကျထားရှိခြင်းဖြင့် အိမ်အတွင်းမှာနေထိုင်သော အိမ်ထောင်ဦးစီးနှင့်
မိသားစုကျန်းမာပျော်ရွှင်ပြီးစီးပွားလပ်လာဘတိုးတက်ကြီးပွားနိုင်ပါသည်၊
အိမ်အတွင်းတွင် ရေကျနေသော အလှတင်ထားနိုင်တဲ့ပန်းအိုးများ၊ဖုန်းရွှေပညာဖြင့်ပြုလုပ်ထားသော
ရေပန်းအိုးများကိုနေရာတကျထားနိုင်ခြင်းဖြင့် စီးပွားဝင်ငွေများတိုးတက်ကြီးပွားနိုင်ပါတယ်၊အထား
အသို နေရာမှားပြီးထားမိပါကမိမိ၏ငွေကြေးများ မကုန်သင့်ဘဲ ကုန်သွားနိုင်သည်၊ထိုကြောင့်နေရာ
အထားမမှားမိဖို့အရေးကြီးကြောင့်ရှင်းလင်ထားပါတယ်။

ဖုန်းရွှေ 风水 Feng Shui 1-1



နိုင်ငံအသီးသီးရောက်ရှိနေကျသော သူတွေအတွက် ကိုယ်ဟာကို DIY ဖြင့်သီထွင်ပြုလုပ်နိုင်ပါတယ်
ကိုယ့်အိမ်ခန်း (သို့) နေအိမ် ကို ဖုန်းရွှေ ပညာဖြင့် မပြုလုပ်ဘဲ အလုပ်အကိုင်ကို ကြိုးစားပန်းစား
ခွန်အားတွေသုံးပြီး ကြိုးစားသော်လဲ ဖုန်းရွှေပညာဖြင့်ပြုလုပ်ပြီး အကျိုးပြသက်ရောက်မှု တွေထူးခြား
နိုင်ကြောင်ရှင်းလင်းထားပါတယ်၊ ကံပွင့်အောင် ဖွင့်ပေးရပါမယ်၊ဒါမှ ကိုယ်ကျိုးစားသမျှ အောင်မြင်
နိုင်မည်ဖြစ်သည်၊

ဖုန်းရွှေ ပညာ ဖြင့်သင်၏ စီးပွားရေးကို

ယခု video 1-1 က အနီးစပ်ဆုံးဘာသာပြန်ပေးလိုက်ပါ တယ်
မကြည့်ရသေးသူများ လေ့လာနိုင်ပါတယ် အကြံပေးနိုင်ပါတယ်။
တရုတ်လိုနားမလည်သူများအတွက်ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်၊

၂၀၁၁ခုနှစ်မှာ အလုပ်အကိုင်၊စီးပွာဝင်ငွေ ဘယ်လိုတိုးအောင်ပြုလုပ်မလဲဆိုတာ
အလုပ်အကိုင်ရဲ့ဖိစီးမှု၊အလုပ်အကိုင်ကို ကြိုးစားပြီးပြုလုပ်၊ကိုယ်ပိုင်ပြုလုပ်လို့ရတဲ့
ဖုန်းဆွေတွေရှိပါတယ်၊အခါတလေ ဘယ်လိုဘဲအလုပ်အကိုင်ကိုကြိုးစားပြီးပြုလုပ်
ပေမဲ့၊ကိုယ်က ငွေကိုလိုက်လေ ဝေးလေဖြစ်နေတတ်သည်၊ကောင်းသောကံတွေ
ပါကြောင့်ကိုယ်နဲ့မလိုက်လာရတာလဲလို့ မေးခြင်ကြသည်၊ဘယ်နေရာက ဘာ
ပြသနာတွေရှိနေသလဲမသိရပါ၊ဒီကနေ ဘယ်လိုပြုလုပ်မလဲဆိုတာ ဖုန်းရွှေရဲ့
အထားအသို လေးတွေကိုတင်ပြသွားပါမယ်။
နိုင်ငံအသီးသီးရောက်ရှိနေကျသော သူတွေအတွက် ကိုယ်ဟာကို DIY ဖြင့်သီထွင်
ပြုလုပ်နိုင်ပါတယ် ကိုယ့်အိမ်ခန်း (သို့) နေအိမ် ကို ဖုန်းရွှေ ပညာဖြင့် မပြုလုပ်ဘဲ
အလုပ်အကိုင်ကို ကြိုးစားပန်းစားခွန်အားတွေသုံးပြီး ကြိုးစားသော်လဲ ဖုန်းရွှေပညာ
ဖြင့်ပြုလုပ်ပြီး အကျိုးပြသက်ရောက်မှု တွေထူးခြားနိုင်ကြောင်ရှင်းလင်းထားပါတယ်၊
ကံပွင့်အောင် ဖွင့်ပေးရပါမယ်၊ဒါမှ ကိုယ်ကျိုးစားသမျှ အောင်မြင်နိုင်မည်ဖြစ်သည်၊
ဖုန်းရွှေပညာဟာ နေရာအထားအသို ဟာအရေးအကြီးဆုံးဖြစ်သည်
ဘယ်နေရာက စီးပွားရေးဝင်ငွေ၊ဘယ်နေရာကပညာရေး၊ဘယ်နေရက
အချစ်အိမ်ထောင်ရေး၊ဘယ်နေရာကကျန်းမားရေးဆိုပြီး နေရာတွေကိုရွေး
ချယ်ပြီး ဖုန်းရွှေပညာဖြင့်အထားအသိုလေးတွေပြုလုပ်သွားရပါမယ်၊
ဘယ်လိုပြုလုပ်ရမလဲဆိုရင်
၁။ အိမ်အတွင်း ၏ ဧည့်ခန်းတွင် အစိမ်းရောက်များနေခြင်း၊ အာလုံးအစိမ်းရောင်ဖြစ်နေလျှင်အစိမ်းရောင်ပေါ်ကျရောက်
အလင်းရောင်ကို လူကိုစိတ်ဒေါသ ထွက်စေသည်။

၂။ ဧည့်ခန်းကျမ်းခင်း ၊သို့၊ နံရံ၊ သစ်သားအရောင်ဖြစ်လျှင် ၊ စဉ်းစားဥာဏ် တည်ငြမ်ခြင်းဖြစ်သည်။

၃။ ဧည့်ခန်းတွင် အကောင်အရုပ်များကို အမြင့်တွင်(သို့)ဘုရာစင်ပေါ်တွင် ၊မထားရ၊နံမည်ကြီးထမင်းငတ်၊ အနိမ့်ပိုင်းထားမှ ဝင်ငွေကောင်းသည်။

风水 Feng Shui

Feng Shui ဖုန်းရွှေ(ဖုန်းဆွေ)နှင့်ပက်သက်ပြီး ပို့လေးတွေ့တင်သွားပါမယ်
တင်ထားတဲ့ video က ဖုန်းဆွေ ဘယ်လိုအသုံးပြုပြီး မကောင်းတဲ့ကံတွေကို
ဘယ်လိုဖယ်ရှားတာလဲဆိုတာ ပြထားပါတယ်
ပို့ကိုဆက်လျှက်ရေးသွားပါအုံးမယ်

တရုတ်လို နားမလည်သူများအတွက် တင်ပြလိုက်ပါတယ်
တချိုကြည့်ပြီးသူများလည်းဖြစ်နေပါလိမ့်မယ် နားမလည်သူများအတွက် ပို့တင်လိုက်ပါတယ်၊

အိမ်အတွင်း ၏ ဧည့်ခန်းတွင် အစိမ်းရောက်များနေခြင်း၊ အာလုံးအစိမ်းရောင်ဖြစ်နေလျှင်အစိမ်းရောင်ပေါ်ကျရောက်
အလင်းရောင်ကို လူကိုစိတ်ဒေါသ ထွက်စေသည်။
ကိုယ်ပြောတဲ့ စကား ကိုယ့်ကိုယ်ဘဲ ပြန်ပြီးအကျိုးပြုပါလိမ့်မယ်
မကောင်းတဲ့စကားများများပြောသူဟာ ထိုသူ၏စိတ်သည် မကောင်းသောကံများကျရောက်စေပါတယ်
နံမည်ကလဲ အရေးကြီးပါတယ် နံမည်ရဲ့အသံထွက်ဟာ ကိုယ့်ကိုပြန်အကျိုးပြုပါလိမ့်မယ်