Monday, July 18, 2011

ဖုန်းရွှေ 风水 Feng Shui 1-4


၆။အိမ်၏အလင်းရောင်သန့်ရှင်းသပ်ရပ်မှုများ။ဧည့်ခန်း၏အလင်းရောင်မကောင်းခြင်း၊
စာဖတ်ခန်းအလင်းရောင်းမကောင်းခြင်း၊အလုပ်စားပွဲရှိသောအခန်းအလင်းရောင်မကောင်း
ခြင်များကြောင့်နတ်ကောင်းနတ်မြတ်များ၊လပ်ကောင်းလပ်ကီးများအိမ်အတွင်းသို့မဝင်တော့ပေ၊
ထို့ကြောင့်အလင်းရောင်နှင့်အိမ်ခန်းများသန့်ရှင်သပ်ရပ်မှုကြောင့်၊စိတ်ကျန်းမာခြင်း၊
လူကျန်းမားခြင်းကြောင့်အလုပ်အကိုင်တွင်လဲအားလုံးအဆင်ပြေနိုင်သည်။
အခန်း၏အလင်းရောင်ကိုမီးအလင်း ဖြင့်ဖြည်ရှင်းနိုင်သည်။

နောက်ဖုန်းရွှေကိုယုံကြည်သူများသည် မိမိ၏ စည်းစိမ်လဒ်လာဘနေရာကိုသိချင်ကျသည်
မိမိအိမ်၏ဘယ်နေရာသည်စီးပွားလဒ်လာဘရရှိနိုင်သောနေရာသိလျှင်၎င်းနေရာတွင်ဖုန်းရွှေပညာဖြင့်
ပြုလုပ်ထားသောသစ်သားဖြင့်လုပ်ထားသောရေပန်းများ၊ကြေးဖြင့်ပြုလုပ်ထားသောဖန်လုံးရေပန်းများ
ငါးကန်များကိုအသုံးပြုခြင်းဖြင့်မိမိ၏စီးပွားလဒ်လာဘများများဝင်နိုင် အောင်ပြုလုပ်နိုင်သည်၊
သို့သော်နေရာမှားပါကရရှိသောငွေများမစုဆောင်းမိဘဲ ပြန်လည်ထွက်သွားတတ်သည်။
နေရာသိရန် အဓိကလိုအပ်သည်။အချိုရေပန်းပုံစံများသည်ဒီဇိုင်းဆန်းသည်သို့သော်
အခေါင်းပုံစံများဖြစ်နေလျှင်မကောင်းပါ၊အဝိုင်းပုံစံများ၊အချိုရှေးရှေးကငွေဒဂါးပုံစံဖြင့်ပြုလုပ်ပြီး
ရေပန်းပေါ်တွင်ဖန်းလုံးများထဲထားသောရေပန်းသည်အကောင်းဆုံးရေပန်းအိုးဖြစ် သည်။
videoတွင် အလည်ကပုံစံသည် အကောင်းဆုံးဖြစ်သည်။ဖန်လုံးသည်အိမ်အတွင်းဖက်သို့လည်နေရမည်။
တရုတ်ပြည် ရှေးနှစ်ပေါင်းများစွာက၄င်းနည်းကိုအသုံးပြုသောဖုန်းရွှေအဆောင်များသည်အမျိုးမျိုးရှိသည်၊
ကြေးဖြင့်ပြုလုပ်ထားသောရေလန်ပန်း၊၄င်းရေလန်ပန်းပေါ်တွင်လင်းနို့ပုံသဏ္ဍန်၉ခုပါရှိသည်၊ပြီးလျှင်
၎င်းဘေးတွင်တရုတ်စာဖြင့်ဟူလူစုပ်ဆိုတဲ့တရုတ်စာလုံးထွင်းထားသည် တရုတ်မင်းချောင်ခေတ်တွင်
အသုံးပြုခဲ့သည်၊၄င်းကြေးလန်ပန်းသည်အလေးချိန်၄၅ကီလိုရှိသည်၊ရှေးဟောင်း လေလံပစ်ပွဲတခုတွင်
သိန်း၈၀၀ယန်းဖြင့်လေလံတင်ရောင်းချခဲ့ဘူးသည်။ထိုပစ္စည်းများအထားမှားခဲ့လျှင်အနုပညာရှေးဟောင်း
ပစ္စည်းအဖြစ်သို့ရောက်သွားသည်။(စီးပွားလဒ်လာဘ နေရာရှာနည်းကိုနောက်ပိုင်းတွင်ဖေါ်ပြပါမည်)

No comments: