Tuesday, July 19, 2011

ဖုန်းရွှေ 风水 Feng Shui 1-5


၇။ ခြင်္သေ့ရုပ် ။ ။လူတော်တော်များများသည် ခြင်္သေ့ရုပ်တွေကို ဝယ်ပြီး စားပွဲပေါ်ဒီတိုင်းတင်
ထားလေ့ရှိကျသည် ၊ ၄င်းကိုဒီတိုင်းတင်ထားလျှင် အကျိုးမရှိပါ၊ရွှေရောင်ဖြစ်သော်ကြောင့်
ထိုအရုပ်၏ ရောင်ပြန်ဟတ်မှုသည် လူကိုဒေါသဖြစ်စေသည်၊ထိုကြောင့် ၄င်းအရုပ်ကို
၇နှစ်ရောင်ကြိုးဖြင့်လည်ပင်းကိုချည်ထားခြင်းဖြင့် ၄င်းအရုပ်အသုံးပြုလိုရပြီ၊
ဒါမှမဟုတ် လည်ပတ်အနီရောင်ကိုပတ်ထားပေးလိုက်လျှင်ရပါပြီ၊ထိုသို့ပြုလုပ်ခြင်းဖြင့်
ယန်းယန်ပြုလုပ်သည်ဖြစ်သည်၊ကြိုးမပတ်ထားပါကယန်းဓါတ်တွေများပြီးစိတ်ဒေါသတွေ
ပိုထွက်သွားနိုင်သည်။ နေရာအထားမှားလျှင်လဲ အကျိုးသက်ရောက်မှုမရှိပါ၊
အနုပညာအလှရုပ်ထားခြင်းနှင့်တူသွားပါသည်။
၈။ crystal ခေါ် သလင်းကျောက်တုံးဂူ ပုံဏ္ဍန်ရှိသော ကျောက်တုံးကို နေရာမှန်ထားခြင်းဖြစ်
စီးပွားဝင်ငွေတိုးပွားနိုင်သည်သို့သော် ကလေးသူငယ်များရှိသူများအတွက်အန္တရယ်ဖြစ်နိုင်သည်၊
၉။ တရုတ်ရှေးဟောင်းငွေဒါးဂါးပြား ။အလယ်တွင်အပေါက်ပါသောငွေဒါးဂါးပြားကိုဆိုလိုသည်၊
ငွေဒါးဂါးပြားများသည်မြေအောက်တွင်ထားတာကြာသောကြောင့်ယင်ဓါတ်များပြားစွာစွဲကပ်နေ
တတ်သည်၊အရက်ပြန်ဖြင့်အရင်ဆေးကျော်ခြင်းရှာလကာရည်ဖြင့်ဆေးကျော်လိုက်ပါ၊အဲဒါမှ
၎င်းငွေဒါးဂါးပေါ်ကပ်ပါနေသောမကောင်းသောချိတွေကင်းစင်သွားပါသည်၊ကောင်းသောနိမိတ်ပါသော
တရုတ်စာလုံးကို ရွေးချယ်ပါ။
၁၀။ Crystal ball လို့ခေါ်တဲ့ဖန်ဓါတ်လုံး၊သလင်းကျောက်ဖန်လုံး၊ကိုဆိုလိုသည်၊၄င်းသည်အကောင်းဆုံးဖြစ်သည်။
၁၁။ ကြွေထည် ပန်းအိုး၊ပုဂံပြားများဖြစ်သည်၊ ဥရောပ အချိုအိမ်များသည် ပုဂံများအလှတောင်ထားလေ့ရှိသည်၊
ဝန်းဝိုင်းသောတရုတ်ပန်းအိုးကြီးများကို အသုံးပြုခြင်းဖြင့် ဝင်ငွေများစုဆောင်းနိုင်သည်၊
ပန်းအိုးပေါ်တွင်ရှိသောတောတောင်ပန်းချီး၊ပန်းပုံများသည်လဲအကျိုးသက်ရောက်သည်၊
video တွင်ပြထားသော ငါးကန်သည် မြေကြီး土၊ အလယ်က ငွေဒါးဂါး Crystal ballရေပန်းအိုးသည် ရွှေ 金 ၊
ဘယ်ဖက်သုံးဆင့်ရေတံခွန်သည် သစ်သား 木 ဖြစ်သည်။ အဝိုင်းပုံသဏ္ဍန်သည် အကောင်းဆုံးဖြစ်သည်
(အလယ်က ပုံသဏ္ဍန်သည်အကောင်းဆုံးဖြစ်သည်)

No comments: