Sunday, February 21, 2016

Rat ကြွက်နှစ်မွေးဖွားသူများ 1912-1924-1936-1948-1960-1972-1984-1996-2008

Rat ကြွက်နှစ်မွေးဖွားသူများ 1912-1924-1936-1948-1960-1972-1984-1996-2008

(ကံကြမ္မာ)
ကြွက်နှစ်မွေးဖွားသူများ ယခုနှစ်မျောက်နှစ်တွင် ကံကောင်းခြင်းများနှင့်အကျိုးသက်ရောက်သည်
ကံဇာတာများ အဆင်ပြေခြင်းနှင့်အတူ(Tian Kui)auspicious star ကျရောက်သောကြောင့်
လမ်းညွန်ပြသသူနှင့်အတူ ကူညီသောသူပေါ်ပေါက်ခြင်းကြောင့် ကံကောင်းခြင်းနှင့်ကြုံတွေ့မည်။
လုပ်ငန်းအကျိုးကျေးဇူးများရရှိမည်၊ယခုနှစ် လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်များနှင့်ကြုံတွေ့ရမည်။
အထူးသဖြင့် လုပ်ငန်းထိန်းသိမ်းခြင်းနှင့် အဝင်အထွက်စာရင်းများပိုမိုအကျိုးသက်ရောက်သည်။
အခြားတီထွင်မှုလုပ်ငန်းများတွင်လဲ ဖြစ်မြောက်နိုင်ပေသည်။
စီးပွားနှင့်အလုပ်အကိုင်များတွင် ကူညီသူမဆလိမ့်မည်။ပြောင်မြောက်သောပြသမှုရှိလိမ့်မည်။
ထိုအတွက်ကြောင့် အောင်မြင်နိုင်သောလုပ်ငန်းအဖြစ်သို့ရောက်ရှိနိုင်သည်။
(လုပ်ငန်း၊အလုပ်အကိုင်)
လုပ်ငန်းပိုင်းဆိုင်ရာယခုနှစ်အတွင်းတွင် အနည်းသော အခက်ခဲများဖြစ်ပေါ်လိမ့်မည်
စုတ်လဒ်တွဲနေသောကြောင် အချစ်ရေးကြောင့် လုပ်ငန်းပိုင်းတွင် အနှောက်အယှက်
တွေ့ရှိလိမ့်မည်။ကြွက်နှစ်မွေးဖွားသူများယခုနှစ်တွင် အလုပ်အကိုင်တွင် အောင်မြင်
ခြင်းကိုပြသနိုင်သောကြောင့်လုပ်ငန်းအကျိုးကျေးဇူးများရရှိလိမ့်မည်။
နယ်ခြားရပ်ခြားသို့လုပ်ငန်းချယ်ခြင်းပြုလုပ်သောအခါ ကူညီသူပေါ်ပေါက်သောကြောင့်
လုပ်ငန်းအဆင်ချောမောစွာရရှိနိုင်လိမ့်မည်။
လုပ်ငန်းအပေါ်တွင်ကြွက်နှစ်မွေးဖွားသူများ ကူညီသူ၊ကျေးဇူးရှင်များကိုကောင်းမွန်စွာ
ထိတွေ့ဆက်ဆံထိန်းသိမ်းမှုများပြုလုပ်ခြင်းကြောင့် တဖက်ရန်လိုသူများဖယ်ရှားနိုင်လိမ့်မည်။
ထိုအတူ(ပြဿန၊စကားများခြင်း၊ခိုက်ရန်ဖြစ်ခြင်းများကိုလဲကာကွယ်နိုင်လိမ့်မည်)
ယခုနှစ်တွင် အကောင်းဆုံးပြုလုပ်ရမှာကတော့
မိမိနေအိမ်တွင်း စာကြည့်ခန်းမှစာကြည့်စာပွဲ(သို့)လုပ်ငန်းစာပွဲတွင်(Wen Chang Benefactor Dou)
ထားရှိပါ။ (ရေနွေးကြမ်းခွက်အရွယ်ကြွေခွက်အဖြူထဲကို ဝါ၊စိမ်း၊နီ၊နက်၊ဖြူ၊ပဲမျိုးစုံတစ်ကန့်စီထဲ၍ထားပါ)
(စီးပွားဥစ္စာ)
ကြွက်နှစ်မွေးဖွားသူများ ယခုနှစ်တွင် စီးပွားလဒ်နေရာတွင် (Da Hao)star ကျရောက်သောကြောင့်
ဘဏ္ဍာရေးဆုံးရှုံးမှုကို အဓိကထိန်းသိမ်းပါ။
ကြွက်နှစ်မွေးဖွားသူများယခုနှစ်တွင်လုပ်ငန်းပိုင်းဆိုင်ရာသည် ကောင်းသောအနေသို့ရောက်ရှိနေသည်
စီးပွားရေးဆိုင်ရာလည်းတိုးတက်မှုများရရှိနေပြီ။
ဒါပေမဲ ၂၀၁၆နှစ်တွင် ကျရောက်သော ကံဇာတာအရ လယ်ထွန်ချိန်လယ်ထွန်၊ရိတ်သိမ်းချိန်ရိန်သိမ်း
သောကြောင့် အကျိုးရှိသောရလဒ်များရရှိပေလိမ့်မည်
သို့သော် စည်းစိမ်ဥစ္စာဆုံးရှုံးမှုအခြေအနေများနှင့် ဥပဒေရေးရာ ပဋိပက္ခငွေကြေးဆိုင်ရာအမှုများဖြစ်
နိုင်သောအလားအလာရှိနေလိမ့်မည်၊သတိထားရန်ဖြစ်သည်။
Tan Lang) star ကျရောက်သောကြောင့်ငွေကြေးခြိမ်းခြောက်မှုများနှင့် တရားရုံးဆိုင်ရာကျရောက်နိုင်သည်။
သင့်လျော်သော ဖုန်းရွှေပညာရပ်ဖြင့်ပပျောက်အောင်ဖယ်ရှားပစ်ပါ။
(ကျန်းမာရေး)
ကြွက်နှစ်မွေးဖွားသူများ ယခုနှစ်တွင် ကျန်းမာရေးအညှံဖက်တွင်ရှိနေ၍ သင့်ရဲ့
နေထိုင်စားသောက်ခြင်းများကို သတ်မှတ်ထိန်းသိမ်းပြုလုပ်ပါ။
စွန့်စားသော အားကစားနှင့်စွန်းစားသောလှုပ်ရှားမှုများကိုသတိထားပါ သွေးထွက်သံယိုဖြစ်ပွားနိုင်သည်

(အိမ်ထောင်ရေး၊အချစ်ရေး)
ကြွက်နှစ်မွေးဖွားသူများ ယခုနှစ်တွင် အချစ်ရေးနှင့်ပတ်သက်၍အနည်းငယ်အားနည်းနေသည်
တက်ကြွသောအချစ်ကံဇာတာများမရှိပါ။
လူပျိုလူလွတ်များ အချစ်ရေးနှင့်ပတ်သက်၍တွေ့ကြုံလိမ့်မည်
အိမ်ထောင်ကွဲ၊တစ်ခုလပ်များအတွက်လုပ်ငန်းတွင်အားစိုက်နေသောကြောင့်
အချစ်ရေးတွင် တွေ့ကြုံမှုအားနည်းနေလိမ့်မည်။
သင့်ရဲ့ LUCK NUMVER 5502

( U PyeAye)(JianJunOo)17/02/2016




Goat (ဆိတ်နှစ်မွေးဖွားသူများ) 1919-1931-1943-1955-1967-1979-1991-2003-2015-2027

Goat (ဆိတ်နှစ်မွေးဖွားသူများ)
1919-1931-1943-1955-1967-1979-1991-2003-2015-2027
(ကံကြမ္မာ)
ဆိတ်နှစ်မွေးဖွားသူများ ၂၀၁၆နှစ်တွင် lucky stars. ကျရောက်သောကြောင် ကံကောင်းသော
နှစ်တစ်နှစ်ဖြစ်သည်။အနည်းငယ်သော မကောင်းသောကံများသာရှိ၍ သင့်ရဲ့ စူးစိုက်မှုနျင့် အာရုံကိုထိခိုက်နိုင်ပါသည်။
အခက်အခဲများတွေ့ကြုံသောကြောင့်သတိထားရှောင်ကြဉ်ခြင်းဖြင့် အနည်းငယ်သည် ဆိုးဝါနိုင်ပါသည်။
ယခုနှစ်တွင် သင်သည် အလုပ်ကြိုးစားမှုများနှင့် လုံးလဝိရိယများ အကျိုးခံစားရပါလိမ့်မည်
ကမ္ဘာရဲ့မြောက်ခြမ်းမှ အရှေ့ခြမ်းသို့ ပျံနှံလာသော ကဒ်ရောဂါများကျရောက်နိုင်၍ စီးပွားလဒ်လာဘလည်း
ထိခိုက်ပျက်စီးနိုင်သဖြင့် အထူးသတိထားသင့်သည်။(မနာလိုသူရှိနေသည်)
သင့်ရဲ့ ဆက်ဆံရေးကြောင့် ရန်ဖြစ်ခြင်း၊ထိခိုက်ခြင်း၊တရားစွဲဆိုမှုကိစ္စများ ဖြစ်လာနိုင်သည်။
သင့်ရဲ့နေအိမ် မြောက်ဖက်တည့်တည့်တွင် မီးဖိုချောင်ဖြစ်နေလျှင်ဥစ္စာဓနဆုံးရှုံးခြင်း၊ငွေကြေးပျောက်ဆုံးခြင်း
မိတ်ဆွေစီးပွားဖက်သစ္စာဖောက်ခြင်း၊လုပ်ငန်းအတားအဆီးများဖြစ်လိမ့်မည်။
သင်၏ကျန်းမာရေးအညှံများကျော်လွှာနိုင်ရန် မိမိနေအိမ်အလယ်တည့်တည့်၌ (ဘူးသီးခြောက်အနက်ရောင်)
ထားပါက ဖယ်ရှားနိုင်လိမ့်မည်။
(အလုပ်အကိုင်)
ဆိတ်နှစ်မွေးဖွားသူများ ယခုမျောက်နှစ်တွင်လုပ်ငန်း၊အလုပ်အကိုင်တွင် ကူညီသူရှိလိမ့်မည်
သင်၏အသက်မွေးဝမ်းကျောင်း ကံများ တိုးတက်မည်။
တည်ငြိမ်အေးချမ်းမှုများရရှိရန် သင်သည်မည်သည့်ဆုံးဖြတ်ချက်များ မချမှတ်မှီ
နှစ်ကြိမ်အနည်းဆုံးစဉ်းစားရ သတိရရမည်ဖြစ်သည်။
၂၀၁၆ခုနှစ်တွင် အိမ်များ အုတ်မြစ်ချခြင်း၊မြေတူးခြင်းများမပြုလုပ်ပါနဲ့မိမိအိမ်၌ရှိသော
မိသားစုအားလုံးကို ထိခိုက်နိုင်တဲ့အပြင်၊နေအိမ် မိုးယိုခြင်း၊အသံဆူညံခြင်းကြောင့်
အိမ်တွင်း သက်ကြီးရွယ်အိုများ၏ကျန်းမာရေးကိုသတိထားသင့်ပေသည်။
(စီးပွားဥစ္စာ)
ယခုနှစ်တွင် သင်သည် လဒ်လာဘ ကျရောက်သောကြောင့် ကောင်းကြီးမင်္ဂလာနှင့်ခံစားရမည်။
လုပ်ငန်းရင်နှီးမြုံနှံမှုများ၊ရာထူးတိုးခြင်း၊ လစာတိုးခြင်းများ အခွင့်အလမ်းများရရှိပေလိမ့်မည်။
၁လပိုင်း၊၃လပိုင်း၊၈လပိုင်း၁၁လပိုင်း ထွက်ငွေပိုမိုများလိမ့်မည် သတိထားသင့်သည်
အခြားဝင်ငွေများရရှိနိုင်ပေမဲ့လဲ ရှေ့သို့အတင်းသိုးပြီးရင်းနှီးမြုံနှံခြင်းများ သတိထားပါ။
သင်၏စီးပွား တောက်ပလင်းလက်ခြင်းနှင့်ပြည့်စုံလိမ်မည်။
သို့သော် စဉ်းစာဆင်ခြင်ဆုံးဖြတ်ခြင်းနှင့်တည်ငြိမ်သောဆုံးဖြတ်ချက်များဖြင့်ပြုလုပ်ပါ၊
ရရှိသောအကျိုးခံစားမှုနှင့် ကုသိုလ်များဖြင့်ပြန်လည်လည်ပတ်ခြင်းဖြင့် ပိုမိုအကျိုးသက်ရောက်ပါလိမ့်မည်။

(အိမ်ထောင်ရေး၊အချစ်ရေး)
ဆိတ်နှစ်မွေးဖွားသူများ အချစ်ရေးကံကောင်းမည်၊အိမ်ထောင်ကွဲ၊တစ်ခုလပ်များအတွက်
ယခုနှစ်တွင် အချစ်ရေးတွေ့ကြုံလိမ့်မည်၊ အိမ်ထောင်ရှိသူများအနေနဲ့လည်း သတိထားသင့်
သောနှစ်ဖြစ်သည်၊အပျော်အပျက်ဖြစ်သောအချစ်ရေးများနှင့်တွေ့ကြုံပြီး မိသားစုအတွက်
စိတ်ဆင်းရဲ့မှုများဖြစ်လိမ့်မည်။ဆိတ်နှစ်မွေးဖွားသောအမျိုးသားများအထူးသတိထားပါ။
မိသားစုနှင့် ဆက်ဆံရေးတွင်လဲ တည်ငြိမ်အေးချမ်းစွာများများဆက်ဆံခြင်းဖြင့်ကောင်းသော
အိမ်ထောင်စုတစ်ခုတည်ဆောက်ခြင်းဖြစ်လာမည်။
(၂၀၁၆ ခုနှစ် အိမ်ထောင်ကွဲခြင်း၊ချစ်ခြင်းဆုံးရှုံးခြင်းကိစ္စများဖြစ်ပေါ်လိမ့်မည် အထူးသတိထားပါ၊)

(ကျန်းမာရေး)
သင်၏ကျန်းမာရေးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့်သရက်ရွက်၊အစာအိမ်တို့အထူးသတိထားအာရုံစိုက်ဖို့လိုအပ်သည်
၂၀၁၆ခုနှစ်တွင်ရောဂါအကြီးသေးများကြုံတွေ့လိမ့်မည်။
သင်မှာ သွေးကြောရောဂါရှိသူများအနေနဲ့ပိုမိုအထူးသတိထားပါ၊
အစာအိမ်ရောဂါသမားများလည်း ၊အစားစာသုံးဆောင်ခြင်းများကို အထူးသလဲသတိပါ။
ဆိတ်နှစ်မွေးဖွားသူများ စိတ်ဖိစီးမှုများခြင်း၊လုပ်ငန်းများတွင် အလုပ်ဝန်ဖိစီးမှုများနှင့်ထိခိုက်ဒဏ်ရာရခြင်း
လုပ်ငန်းတွင်လုပ်ဖော်ကိုင်ဖက်များနှင့်ခိုက်ရန်ဖြစ်ဖွားခြင်း၊စိတ်ဓါတ်ကျခြင်းများကြောင့်
သင်၏စိတ်ပိုင်းဆိုင်ရာကို ကောင်းမွန်အောင် ပြင်ပအစိမ်းရောင်မြက်ခင်းရှိသောလေကောင်းလေသန့်
နေရာနှင့်များများထိတွေ့ပေးပါ၊(ဖုန်းရွှေအရ သင့်ရဲ့ ကျန်းမာရေးအတွက် ဘူးသီးခြောက်ထားရှိပါ)
သင့်ရဲ့{LUCK NUMBER  8910}  (U PyeAye)(JianJunOo) 17/02/2016)