Tuesday, February 23, 2016

Ox နွားနှစ်မွေးဖွားသူများ 1913-1925-1937-1949-1-61-1973-1961-1973-1985-1997-2009

Ox နွားနှစ်မွေးဖွားသူများ 1913-1925-1937-1949-1-61-1973-1961-1973-1985-1997-2009
(ကံကြမ္မာ)
၂၀၁၆ခုနှစ် နွားနှစ်မွေးဖွားသူများယခုနှစ်အတွင်းသင့်ရဲ့ကံဇာတာသည်
(Zi Wei) and (Long De) Lucky stars ကံကောင်းသောကြယ်များကျရောက်သောကြောင့်
သင်သည်ကောင်းသောကံများရှေ့သို့ဆက်လက်တိုးတက်ပြီးသွားနေလိမ့်မည်
ကောင်းသောကြယ်တာရာကျရောက်နေသောကြောင့်အခွင့်အလမ်းများသည်
လုပ်ငန်း၊စီပွားရေးများတွင် မမျှော်လင့်ဘဲ၂၀၁၆တွင် တိုးတက်အောင်မြင်မှုရှိမည်
လုပ်ငန်းအလုပ်အကိုင်များတွင်လဲ ကျေးဇူးရှိသော သူတစ်ဦးတစ်ယောက်က ပံ့ပိုးမှုများ
သင်သည်ရရှိနေလိမ့်မည်။လုပ်ငန်းအောင်မြင်မှုများမြင့်တက်နေမည်။
များသောအားဖြင့် ၂၀၁၆နှစ်တွင် သီးနှံများ ရိတ်သိမ်းသောနှစ်တစ်နှစ်ဖြစ်နေသည်။
၃လပိုင်း၎လပိုင်း၊၇လပိုင်းများတွင်ကံမကောင်းသောလများဖြစ်၍အထူးသတိထားသင့်သည်။
သင့်ရဲ့ကံများပြန်လည်တောက်ပစေဖို့ကြာပန်းမီးအိမ်၊ထွန်းပေးခြင်းဖြင့် အညှံများဖယ်ရှားပေးပါ။

(လုပ်ငန်း၊အလုပ်အကိုင်)
၂၀၁၆ခုနှစ်တွင် သင်၏လုပ်ဖော်ကိုင်ဖက်များနှင့်လူကြီးများလဲ သင့်လုပ်ငန်းအတွက်ကူညီမှု
များပြုလုပ်ပေးလိမ့်မည်ဖြစ်သည်။
သင်၏အကြံအစည်များ ပုဂ္ဂိုလ်ရေးလှုံ့ဆောရှင်းလင်းမှုများကြောင့် သင့်ရဲ့လုပ်ငန်းအတွက်
အလွယ်တကူတိုးတက်မှုများရရှိလိမ့်မည်။
သင့်ရဲ့ကံကောင်းသောကြယ်များကျရောက်နေသဖြင့် စီးပွားရေးနှင့်အလုပ်ကံများအမြဲမပြတ်
ကောင်းမွန်နေလိမ့်မည်။
သို့သော်အပျက်သဘောဆောင်သောဓါတ်ကျရောက်နိုင်သဖြင့် ချက်ခြင်းအဖျက်ကျနိုင်သည်
သို့ဖြစ်၍ သင်၏ အလုပ်စားပွဲ၊(သို့)စာကြည့်စားပွဲတွင် ကျမ်းစာပါသောPyramid ပစ်ရစ်မစ်
နှင့် ကြာပန်းထားခြင်းဖြင့် သင့်ရဲ့ မကောင်းသောအညှံနှင့်အတိုက်အခိုက်များပပျောက်စေသည်။

(စီးပွားဥစ္စာ)
နွားနှစ်မွေးဖွားသူများ မျောက်နှစ်အတွင်းမှာ မင်္ဂလာကြယ်ပွင့်များနှင့်အတူ မိတ်ဆွေကောင်း
များ၊အကူအညီးများခံစားရလိမ့်မည်။မိမိစီးပွားနှင့် အခြားစီးပွားပါ ဝင်ငွေကောင်းလိမ့်မည်။
မာနကြွားဝါသောဟန်ပံများဖြင့်မပြုလုပ်ပါနဲ့နိမ့်ချပြောဆိုခြင်းဖြင့်အောင်မြင်မှုကိုရယူပါ။
၂၀၁၆ခုနှစ် ပြင်ပအခြားဝင်ငွေ ကောင်းသောနှစ်တစ်နှစ်ဖြစ်မည်။
သင့်ရဲ့စီးပွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် သတင်းအချက်အလက်များကို ကျေးဇူးရှင်ကူညီသူ
ထံမှ ဦးဆောင်လမ်းပြပေးပါလိမ့်မည်ဖြစ်သည်။

(ကျန်းမာရေး)
နွားနှစ်မွေးဖွားသူများ ၂၀၁၆ခုနှစ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနများကြုံတွေ့
ရလိမ်မည်ဖြစ်သည်။
သင်၏ပန်းနာရောဂါနှင့်အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာကိစ္စများ အထိခိုက်မခံစားနိုင်မှု
များရှိလိမ့်မည်။
မျောက်နှစ်တစ်နှစ်အတွင်း ပြဿနများစွာတို့ကို ကာကွယ်တားဆီးရန် သင်နေအိမ်၏သန့်ရှင်း
မှုနှင့်လေကောင်းလေသန့်ရရှိဖို့ပိုမိုအထူးပြုလုပ်ဆောက်ရွက်သင့်သည်။
(Jian Feng)star ကျရောက်သောကြောင့် မြေတူးခြင်း၊အုတ်မြစ်ချခြင်းများမပြုလုပ်ပါနဲ့
ရှောင်ရှားခြင်းဖြင့် သင်၏အိမ်သူအိမ်သားများရဲ့ကံများဖယ်ရှားခြင်းဖြစ်သည်၊
အတိုက်အခိုက်များလည်းပပျောက်ခြင်းများဖြစ်သည်။
 ဖခင်နှင့်အတူနေသောသူများသတိထားသင့်ပေသည်။
နွားနှစ်မွေးဖွားသူများ မိဘများအတွက် မိမိဘာသာတရားကျမ်းစာများနှင့်ပူဆော်ခြင်း၊
ဆီမီးထွန်းခြင်းများနေစဉ်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာအသက်ရှည်စေပါသည်။

(အိမ်ထောင်ရေး၊အချစ်ရေး)
နွားနှစ်မွေးဖွားသူများ သင်၏မေတ္တာကံ၂၀၁၆ခုနှစ်တွင် မတည်မငြိမ်ဖြစ်နေလိမ့်မည်။
အိမ်ထောင်မပြုရသေးသူများအနေနဲ့ ယခုနှစ်တွင်စိတ်ပျက်လက်ပျက်ဖြစ်နေ၍
စိတ်ရှည်စွာစောင့်ဆိုင်းမှု၏ရလဒ်သည်သင့်နှင့်လိုက်ဖက်သောလက်တွဲဖော်တွေ့ရှိ
လိမ့်မည်ဖြစ်သည်။
အမျိုးသမီး နွာနှစ်မွေးဖွားသူများ ယခုနှစ်တွင် အထီးကျန်ခံစားနေရလိမ့်မည်ဖြစ်သည်
ထိုကြောင့်ယခုနှစ်အိမ်ထောင်ရေး၊အချစ်ရေးများကို အဆင်ပြေစေနိုင်ရန်
နေအိမ်မေတ္တာလဒ်နေရာတွင် ပန်းရောင်ကျောက်တုံးလေးများထားရှိပေးခြင်ဖြင့်
အချစ်ရေးကံကောင်မွန်လာစေသည်။(အိပ်ယာဘယ်ဖက်ဘေးခုံပေါ်တင်ထားပါ)
မီးအိမ်ထွန်းပေးပါ။
သင့်ရဲ့(LUCK NUMBER 2914) (U PyeAye )(JianJunOo)19/02/2016

Horse မြင်းနှစ်မွေးဖွားသူများ 1918-1930-1942-1954-1966-1978-1990-2002-2014


Horse မြင်းနှစ်မွေးဖွားသူများ 1918-1930-1942-1954-1966-1978-1990-2002-2014
(ကံကြမ္မာ)
မြင်းနှစ်မွေးဖွားသူများ မျောက်နှစ်အတွင် သင့်ရဲ့ကံဇာတာ အားနည်းနေသောကြောင့် 
သင်သည် လူနာမေးခြင်းနှင့်နာရေးကိစ္စများ လိုက်ပို့ဆောင်ခြင်းကိုရှောင်ရှားသင့်ပေသည်၊
မိမိကံကိုထိခိုက်နိုင်သည်ဖြစ်သည်။
ထိုကြောင့်မြင်းနှစ်မွေးဖွားသူများ မင်္ဂလာရှိသော ပွဲလမ်းသဘင်များတက်ရောက်ပေးခြင်း
ကို များများပြုလုပ်သောကြောင့် ကောင်းသောမင်္ဂလာမှ ကောင်းသောကံများတက်ရှိလာမည်။
ယခုနှစ်တွင် (Diao Ke)and (Sang Men ) inauspicious Stars နှစ်ခုကျရောက်သောကြောင့်
သင်သည်မတော်တဆထိခိုက်မှုနှင့် ကျန်းမာရေးပြဿနာများကို သတိထားသင့်ပေသည်။
ဖြစ်နိုင်လျှင် နှစ်ဦးပိုင်းတွင် မိမိ၏နေအိမ်အတွင်း ဖုန်းရွှေနည်းဖြင့် ဖယ်ရှားခြင်းကိုပြုလုပ်
သင့်ပေသည်။(ကြာပန်းမီးအိမ်၊(သို့) ထိုက်ဆွေ့မီးအိမ်ထွန်းခြင်းဖြင့်အညှံများဖယ်ရှားနိုင်သည်။
(လုပ်ငန်း၊အလုပ်အကိုင်)
မြင်းနှစ်မွေးဖွားသူများ တစ်နှစ်တာ ရှေ့လုပ်ငန်းများတွင် အလုပ်ရှုပ်သောနှစ်တစ်နှစ်ဖြစ်နေမည်။
ယခုနှစ်တွင်းသင်၏လုပ်ငန်းအပေါ်စိုးရိမ်ပူပန်မှုများနှင့်ကြုံရမည်၊လုပ်ငန်းကို ဂရုတစိုက်ဆောင်ရွက်ပါ။
သင်သည် လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်၊သူငယ်ချင်းများပင့်မြောက်ခြင်းကိုခံရမည်။
ထိုကြောင့်ယခုနှစ်အတွင်း လုပ်ငန်းတွင် အထက်လူကြီးကအသိမှတ်ပြုမှုကို သင်သည်
လုပ်ငန်းတွင် ကြိုးစားအားထုပ်မှုများဖြင့်စိတ်အားထက်သန်ရပေမည်။
ပိုမိုမြင့်မားသော ရာထူးတိုးတက်ရန် မိမိကိုယ်ကို မာနမထားဘဲ နှိမ့်ချဆက်ဆံပြောဆိုထိန်းသိမ်းခြင်း
ဖြင့် သင့်ရဲ့ မျော်မှန်းသောပန်းတိုင်ကိုဆက်လက်ချီတက်ပါ။
(စီးပွားဥစ္စာ)
ယခုနှစ်တွင် မြင်းနှစ်မွေးဖွားသူများ စည်းစိမ်ဥစ္စာများနှင့် ကံကောင်းခြင်းများသည် အနုတ်လက္ခဏ
ဖက်သို့ကျရောက်နေပေလိမ့်မည်။
သင်၏စီးပွားရေးလုပ်ငန်းများသည် ဘေးပတ်ဝန်းကျင်၏နှောက်ယှက်မှုများကြောင့်
ရရှိမှုနည်းပြီး၊ထွက်ရှိမှုများနေပေလိမ့်မည်။
အခြာပြင်ပဝင်ငွေရရှိမှုများလည်း အဆင်မပြေမှုများနှင့်ကြုံတွေ့ပါလိမ့်မည်။
ခင်မင်ရင်နှီးသောသူငယ်ချင်း၏တိုက်ခိုက်နှောက်ယှက်မှုများကြောင့်ဆုံးရှုံးလိမ့်မည်။
စတော့ရင်းနှီးမြုံနှံခြင်းနိုင်ငံခြားငွေကြေးရင်းနှီးမြုံနှံခြင်းများ အဆင်မပြေမှုများဖြစ်ပေါ်လိမ့်မည်။
မျောက်နှစ်တွင် မြင်းနှစ်မွေးဖွားသူများ အနေနဲ့ ပတ်ဝန်းကျင်မကောင်းသောမြေဓါတ်များ
negative star (Di Kong)ကျရောက်သောကြောင့်စီးပွားဥစ္စာဆုံးရှုံးမှုကိုပေါ်ပြနေသည်။
၎င်းကို ကာကွယ်တားဆီးဖို့သင်၏နေအိမ်ဧည့်ခန်းတွင် စီးပွားလဒ်နေရာတစ်နေရာတွင်
ကြွေပုဂံပြားတစ်ချပ်ထဲတွင် မြေဆီလွှာအသန့်ထည့်ပါ အပေါ်တွင် တစ်ကျပ်စေ့ငါးစေ့ထားပါ။
(၂လပိုင်း ၂၂ရက်နေ့မတိုင်မည် ပြုလုပ်ပါ)
(အိမ်ထောင်ရေး၊အချစ်ရေး)
မြင်းနှစ်မွေးဖွားသူများ ယခုနှစ်အတွင်း မူးရစ်ခြင်းများနှင့်ငြိတွယ်နေသောအချစ်ရေးဖြစ်နေသည်။
ကောင်းသော အချစ်ရေးများနှင့် ဆန့်ကျင်နေသောနှစ်တစ်နှစ်ဖြစ်သည်။
အိမ်ထောင်ရှိသူများအနေနှင့် သတိထားသင့်သည်မှာ အငယ်အနှောင်းများနှင့်ထိတွေ့လိမ့်မည်။
ယခုနှစ်တွင်  မြင်းနှစ်မွေးဖွားသူ အမျိုးသမီးများပင်လျှင် အချစ်ရေးအဆင်ပြေကံကောင်းလိမ့်မည်
သို့သော် အမျိုးသမီးများလိမ်ညာသောအချစ်ရေးများနှင့်အန္တရာယ်ကျရောက်နိုင်သည်။
မူးရစ်ခြင်းနှင့်ငြိတွယ်နေသောအချစ်ရေအကြောင့် အိမ်ထောင်ရှိသူ၊များအထူးသတိထားသင့်သည်။
မိမိ၏အိမ်ထောင်ရေးကို တည်ငြိမ်စွာထိန်းသိမ်းပါ။
(ကျန်းမာရေး)
၂၀၁၆ခုနှစ်တွင် သင့်ရဲ့ကျန်းမာရေးအညှံဖက်တွင်ရှိနေသောကြောင့် ကျောက်ကပ်နှင့်အစာအိမ်ရှိ
သူများအနေနှင့် သတိထားပါ။
ကျန်းမာရေးတွင် ကြီးငယ်သောရောဂါများကျရောက်နိုင်သည်၊အတော်တဆထိခိုက်ဒဏ်ရာရခြင်း
အစားအသောက်များတွင်လဲမတည့်သောအစားစာများမစားပါနဲ့
အနားယူခြင်းဖြင့် မိမိကိုယ်ခန္ဓာအင်အားကို ပြန်လည်ဖြေ့စီးပေခြင်းများပြုလုပ်ပေးပါ။
အလုပ်အကိုင်ဖိစီးမှုများကိုဖယ်ရှားပေးပါ။ညနက်ထိမလုပ်ပါနဲ့
(Diao Ke) and (Sang Men) stars ကျရောက်သောကြောင့် မိမိအိမ်တွင်းလူကြီးများ၏ကျန်းမားရေး
ကိုအထူးသတိထားပါ။(အကြံပြုခြင်းက ဖုန်းရွှေနည်းဖြင့် ဖယ်ရှးပေးလိုက်ပါ)
သင့်ရဲ့(LUCK NUMVER 09196) (U PyeAye)(JianJunOo)  19/02/2015