Tuesday, August 2, 2011

ဖုန်းရွှေ ဘယ်က လာသလဲ ?




ဖုန်းရွှေ ဘယ်က လာသလဲ ?
တရုတ်ရှေးနှစ်ထောင်ပေါင်းများစွားက ပေါ်ပေါက်
ခဲ့သော (ယိ့ကျင်း) ဆိုတဲ့ ကျမ်းစာအုပ်တွင် ဗေဒေပညာ၊
ဖုန်းရွှေပညာ၊ ဟုဆိုပြီး တရုတ်လူမျိုးအချို့ယူဆခဲ့ကျသည်၊
အမှန်တကယ်မှာ ၄င်း(ယိ့ကျင်း)ကျမ်းစာအုပ်သည်၊
လူနှင့်ပတ်ဝန်းကျင်(သို့) လူနှင့်ပတ်ဝန်းကျင်ပြောင်းလဲ
ပြုပြင်နေထိုင်ခြင်းများ အကြောင်းကို အခြေခံကျကျ
ခက်ခဲနက်နည်းစွာရေးသားထားသောကျမ်းစာအုပ်ဖြစ်သည်၊
ဖုန်းရွှေနှင့် တရုတ်ဗေဒေပညာသည်လဲ(ယိ့ကျင်း)
ကျမ်းစာအုပ်မှ လာသောပညာရပ်များဖြစ်သည်။

ယိ့ ဆိုတာ ဖန်သီခြင်းဖြစ်သည်၊ (ဖန်းသီးခြင်းကျမ်းစာအုပ်ဟုခေါ်ဆိုနိုင်သည်)
ကမ္ဘာမြေကြီးနှင့်ကမ္ဘာအပြင်ဖက် အာကာသကို နားလည်သဘောပေါက်အောင်
မိမိကိုယ်ကိုနားလည်သဘောပေါက်အောင်
ယခုခေတ်ကာလ အပေါ်ဘယ်လိုနေထိုင်သွားရမလဲဆိုတာ
ထိုင်ဝမ်နိုင်ငံမှ တရုတ်စာပေ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး မစ္စတာ စိန်း က
တရုပ်ပြည် ပေကျင်းတွင် (ယိ့ကျင်း) ကျမ်းစာအုပ်အကြောင်းကို ဆွေးနွေးဟောပြောသွားခဲ့သည်။

Jian Jun Oo

No comments: